သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ကြက်ငှက်တုပ်ကွေး နိုင်ငံတကာအဆင့် စတင်စစ်ဆေး


တရုတ် ကြက်ငှက်တုပ်ကွေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အကြီးအကဲ Michael O' Leary
တရုတ် ကြက်ငှက်တုပ်ကွေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အကြီးအကဲ Michael O' Leary
တရုတ်နိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ကြက်ငှက်တုပ်ကွေးရောဂါပိုး အသစ်ကြောင့် လူ ၁၇ ယောက် သေဆုံးပြီးတဲ့နောက် နိုင်ငံတကာ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြော ပါတယ်။ ခုချိန်ထိ ရောဂါပိုး ကူးစက်သူ အရေအတွက်ဟာ ၁၀၀ နီးပါး ရှိလာနေ ပြီး အများစုဟာ ရှန်ဟိုင်းမြို့ အနီးဝန်းကျင်က ဖြစ်ကြပါတယ်။

အခု အသစ်ဖြစ်ပေါ်နေတဲ့ H7N9 ကြက်ငှက်တုပ်ကွေး ရောဂါပိုး အသစ် ဟာ ရောဂါပိုးဟာ ကြက်ငှက်တွေအချင်းချင်းကြား ကူးစက်တာကိုပဲ တွေ့ရသေး ပြီး လူအချင်းချင်း ကူးစက်မှုရှိတယ်ဆိုတာ သုတေသီတွေအနေနဲ့ မတွေ့ရသေးဘူးလို့ WHO အရာရှိတွေက ပြောပါတယ်။ ဒါပေမယ့် ရောဂါပိုး ကူးစက်ခံရသူတွေ ထက်ဝက်လောက်ဟာ ကြက်ငှက်တွေနဲ့ ထိတွေ့ခြင်း မရှိတဲ့သူတွေ ဖြစ်တယ်လို့ ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။

ဒါပေမယ့် ရောဂါပိုးကူးစက်သူနဲ့ ရေရှည် ထိတွေ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု ရတဲ့သူတွေအနေနဲ့ လူလူချင်း ရောဂါပိုး ကူးစက်တဲ့ဒဏ်ကို ခံရနိုင်မလား ဆိုတာကို တရုတ်ကျန်းမာရေး အရာရှိတွေက စမ်းသပ် စစ်ဆေးနေကြတာပါ။ တရုတ်အစိုးရက အခု ပြုလုပ်နေတဲ့ စမ်းသပ် စစ်ဆေးမှု လုပ်ငန်းတွေမှာ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပတိုက်က ပညာရှင်တွေလည်း ပူးပေါင်း ပါဝင်ကြမှာ ဖြစ်ပါတယ်။

ကြက်ငှက်တုပ်ကွေးရောဂါ ကာကွယ်ဆေးနဲ့ ဒီရောဂါကို ကုသတဲ့နေရာမှာ အထောက်အကူပြုစေမယ့် ဆေးဝါး ဖော်ထုတ်နိုင်ဖို့ တရုတ်နိုင်ငံက ကြိုးစား လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ကမ္ဘာမှာ ကြက်အကောင်ရေ အများဆုံး မွေးမြူတဲ့နိုင်ငံဖြစ်တဲ့ အပြင် ကြေးလက်ဒေသမှာရှိတဲ့ ကြက်အများစုဟာလည်း လူတွေနဲ့ နီးနီးကပ်ကပ် ရှိနေတဲ့အတွက် ကြက်ငှက်တုပ်ကွေး ဖြစ်နိုင်ခြေအများဆုံးနိုင်ငံဖြစ်တယ်လို့ ယူဆထားကြတာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG