သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ငှက်တုပ်ကွေး နောက်ထပ် ၄ ဦးသေ


တရုတ်နိုင်ငံမှာ H7N9 ငှက်တုပ်ကွေး ရောဂါပိုးသစ်ကြောင့် နောက်ထပ် ၄ ဦး ထပ်သေဆုံးခဲ့ရတာမို့ အခုဆိုရင် စုစုပေါင်း ဒီရောဂါကြောင့် သေဆုံးရသူ ၃၁ ဦး ရှိသွားပြီလို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။

တရုတ်နိုင်ငံ အရှေ့ပိုင်းက Jiangsu ခရိုင်မှာ ဒီငှက်တုပ်ကွေးရောဂါနဲ့ တနင်္လာနေ့ ညနေက ၂ ဦး သေဆုံးသွားခဲ့တယ်လို့ တရုတ် ဗဟို ကျန်းမာရေးဌာနက ပြောပါ တယ်။ နောက်သေဆုံးတဲ့သူ ၂ ဦးက Anhui နဲ့ Zhejiang ခရိုင်တွေက ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ မတ်လထဲကစပြီး H7N9 ငှက်တုပ်ကွေး ရောဂါပိုးသစ် တွေ့လာ ခဲ့ပြီးတဲ့ နောက်မှာ အခုချိန်အထိ ဒီရောဂါပိုး အကူးစက် ခံရသူပေါင်း ၁၂၉ ဦး ရှိသွားပြီ ဖြစ်ပါတယ်။ အများစုဟာ တရုတ်နိုင်ငံ အရှေ့ခြမ်းဒေသတွေက ဖြစ်ပါ တယ်။

တရုတ်နိုင်ငံ ပြင်ပမှာတော့ တိုင်ဝမ်မှာ ဒီရောဂါပိုးရှိသူ တစ်ဦး တွေ့ခဲ့ရပေမဲ့ သူဟာ တရုတ်နိုင်ငံကနေ ပြန်လာသူမို့ တရုတ်နိုင်ငံမှာပဲ အကူးစက်ခံရတာ ဖြစ်ပါတယ်။

H7N9 ငှက်တုပ်ကွေးရောဂါဟာ သေဆုံးမှု အများဆုံး ရောဂါတမျိုးဖြစ်ကြောင်း WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောကြားခဲ့ပါတယ်။ ဒီတုပ်ကွေးရောဂါဟာ အရင် တုပ်ကွေးရောဂါတွေလို ချောင်းဆိုးပြီး အသက်ရှုလမ်းကြောင်းမှာ ဒုက္ခပေးတာမျိုး မဟုတ်ဘဲ အဆုပ်အောက်ပိုင်းမှာ ထိခိုက်စေသလို အဖျားကြီးပြီး နမိုးနီးယား အဆုပ်အအေးမိတဲ့ ရောဂါလက္ခဏာတွေကို ပြသပါတယ်။
XS
SM
MD
LG