သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြက်ဘဲ ၂ သောင်းကျော် တရုတ်သုတ်သင်


ရှန်ဟိုင်းမြို့မှ ခြံအလုပ်သမားတစ်ဦး ကြက်စာချနေစဉ်။
ရှန်ဟိုင်းမြို့မှ ခြံအလုပ်သမားတစ်ဦး ကြက်စာချနေစဉ်။
တရုတ်နိုင်ငံမှာ လူကိုသေစေနိုင်တဲ့ ကြက်ငှက်တုပ်ကွေး ရောဂါသစ် ပျံ့နှံ့ဖြစ်ပွားမှုကို ရပ်တန့်နိုင်အောင် ကြိုးစားတဲ့အနေနဲ့ ရှန်ဟိုင်းမြို့မှာ ကြက်ဘဲအသားရောင်းချမှုတွေကို ပိတ်ပင်ထားသလို ကြက်ငှက်တိရစ္ဆာန် ၂ သောင်းကျော် ကိုလည်း စတင်သုတ်သင်ခဲ့ပါတယ်။

H7N9 အမျိုးအစား ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်သစ်ကြောင့် သေဆုံးသူ ဟာ သောကြာနေ့အထိ ၆ ယောက်ရှိသွားပြီလို့ ကျန်းမာရေး အရာရှိတွေ က ပြောပါတယ်။ တရုတ်နိုင်ငံ အရှေ့ပိုင်းပြည်နယ် Zhejiang ခရိုင်မှာရှိတဲ့ Huzhou မြို့က အသက် ၆၄ နှစ်အရွယ် လယ်သမားတဦး သေဆုံးခဲ့တာ က နောက်ဆုံးဖြစ်ရပ် ဖြစ်ပါတယ်။

ဒီရောဂါပိုးကူးစက်ခံရသူ ၁၄ ယောက်ရှိနေပြီး ရောဂါပိုး ဘယ်လို ပျံ့နှံခဲ့သလဲ ဆိုတာကို သိပ္ပံပညာရှင်တွေအနေနဲ့ ရှာဖွေနိုင်ဖို့ အလှမ်းဝေးနေဆဲ ဖြစ်တယ်လို့ အစိုးရအရာရှိတွေက ပြောပါတယ်။ နောက်ဆုံး စမ်းသပ်မှုတွေအရကတော့ ဒီဗိုင်းရပ်စ်ပိုးဟာ လူကနေ တဆင့်တော့ ကူးစက်ပျံ့ပွားနိုင်မှာ မဟုတ်ဘူးလို့ ကျန်းမာရေး အရာရှိတွေက ပြောဆိုထားပါတယ်။

H7N9 ဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရသူ ဆီကနေ ဒီရောဂါကူးစက်ခံရတယ်လို့ ယူဆရတဲ့ အမျိုးသားတယောက်ကို စမ်းသပ်ခဲ့တာမှာ လူ လူချင်း ကူး စက်နိုင်ခြင်း မရှိဘူးဆိုတာကို ရှာတွေ့ခဲ့တာဖြစ်တယ်လို့ ရှန်ဟိုင်းဒေသ ရောဂါပိုး ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာ အကြီးအကဲ Wu Fan က သောကြာနေ့ က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဟောင်ကောင်မှာပြုလုပ်ခဲ့တဲ့ စမ်းသပ်မှု ရလဒ်ကြောင့် လူ လူချင်းကနေ ကူးစက်မှုတွေ ရှိနေပြီဆိုတဲ့ စိုးရိမ်ကြောက်ရွံ့မှုတွေကတော့ ရပ်သွားခဲ့ပါတယ်။
XS
SM
MD
LG