သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြက်တုပ်ကွေးကြောင့် တရုတ်မှာ သေဆုံးသူ ၂၂ ယောက်ရှိ


တရုတ်နိုင်ငံရဲ့ ဒေသပေါင်း ၇ ခုမှာ ကြက်ငှက်တုပ်ကွေး ရောဂါ အမျိုးအစားသစ် ကူးစက်ပျံ့နှံ့မှုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၂၂ ယောက်အထိ ရှိသွားပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ထိပ်တန်းအရာရှိ တဦးက ပြောလိုက်ပါတယ်။

H7N9 အမျိုးအစား ဗိုင်းရပ်စ်ဟာ လူတွေအတွက် သာမန်ထက် ပိုတဲ့ အန္တရာယ် ရှိနေတဲ့အကြောင်း WHO အရာရှိ ခိုင်ဂျီ ဖူကုဒ (Keiji Fukuda) က ပြောလိုက်တာပါ။

ဒါပေမဲ့လည်း လူလူချင်း ကူးစက်နိုင်တဲ့ အဆင့်အထိ ဖြစ်ပွားနေတဲ့ အထောက်အထားမျိုး မတွေ့ရသေးဘူးလို့ ပြောပါတယ်။ အရင်တုန်းက H5N1 အမျိုးအစားထက် အခု အသစ်တွေ့ရှိရတဲ့ ဗိုင်းရပ်စ်ကတော့ တိရစ္ဆာန်ကနေ လူကို ပိုပြီး ကူးစက်လွယ်တယ်လို့လည်း တရုတ်နိုင်ငံမှာ လူပေါင်း ၁၀၀ ကျော်လောက် ရောဂါ ကူးစက်ခံနေရတဲ့ H7N9 ဗိုင်းရပ်စ်အကြောင်း လေ့လာစူးစမ်းဖို့ ရောက်ရှိနေတဲ့ WHO အရာရှိက ပြောဆိုခဲ့တာပါ။

ရောဂါအမျိုးအစားသစ်နဲ့ ပတ်သက်လို့ နားလည် သဘောပေါက်နိုင်တဲ့ အခြေအနေအထိ မရောက်သေးဘူးလို့လည်း WHO နဲ့ တရုတ် ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။

တရုတ်နိုင်ငံက တာဝန်ရှိသူတွေကတော့ ရေရှည်မှာ ရောဂါရှိနေသူကတဆင့် အကာအကွယ် မရှိတဲ့ မိသားစုဝင်လို တခြားလူတွေကို ကူးစက်နိုင်သလားဆိုတာကို လေ့လာနေကြတာပါ။ တရုတ်နိုင်ငံကတော့ ကြက်ငှက်တုပ်ကွေး ရောဂါသစ်ကို ကုသနိုင်မယ့် နည်းလမ်းနဲ့ ကာကွယ်ဆေးတွေကိုလည်း ထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
XS
SM
MD
LG