သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ဆူပါကွန်ပျူတာ


တရုတ် ဆူပါကွန်ပျူတာ Tianhe-2
တရုတ် ဆူပါကွန်ပျူတာ Tianhe-2
တရုတ် အမျိုးသား နည်းပညာ ကာကွယ်ရေးတက္ကသိုလ် က ထုတ်လုပ်တဲ့ ဆူပါကွန်ပျူတာသစ်ဟာ အရင် အမေရိကန်က ထုတ်လုပ်တဲ့ Titan ဆူပါကွန်ပျူတာရဲ့ အမြန်နှုန်းကို ကျော်လွန်ပြီး ကမ္ဘာပေါ်မှာ အမြန်ဆုံးအလုပ်လုပ်တဲ့ ဆူပါကွန်ပျူတာအဖြစ် သတ်မှတ်ခံလိုက်ရပြီ ဖြစ်ပါတယ်။

ဂျာမဏီနိုင်ငံ Leipzig မှာ ကျင်းပတဲ့ ၂၀၁၃ ခုနှစ် နိုင်ငံတကာ ဆူပါကွန်ပျူတာ ညီလာခံမှာ ကမ္ဘာ့အကောင်းဆုံး ဆူပါကွန်ပျူတာ ၅၀၀ ရဲ့ စာရင်းကို တနင်္လာနေ့က ကြေညာလိုက်တာ ဖြစ်ပါတယ်။

တရုတ်နာမည် Tianhe-2 လို့ ပေးထားတဲ့ ဒီ ဆူပါ မဟာကွန်ပျူတာသစ်ဟာ Milky Way- 2 နဂါးငွေ့တန်း နံပါတ် - ၂ လို့ အဓိပ္ပါယ်ရပြီး ၁ စက္ကန့်မှာ သင်္ချာပုဒ်စာပေါင်း ထီလျံ ၃ သောင်းခွဲကို ဖြေရှင်းနိုင်ပါတယ်။ processors သုံးသန်းကျော်ရှိပြီး အမေရိကန်ပြည်ထောင်စုရဲ့ Intel ဒီဇိုင်းတွေကို သုံးထားပေမဲ့ သူ့ရဲ့အသွင်လက္ခဏာ အများစုကိုတော့ တရုတ်ပြည်မှာ လုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။
XS
SM
MD
LG