တရုတ်ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်တဦးအဖြစ်ကနေ သိက္ခာချပြီး ထုတ်ပယ်ခံခဲ့ရတဲ့ ဘိုရှီလိုင်ရဲ့ ဇနီးဖြစ်သူကို တရုတ်နိုင်ငံတရားရုံးတရုံးက ဆိုင်းငံ့သေဒဏ် အပြစ်ပေးလိုက်ပါတယ်။ သူမဟာ ဗြိတိသျှ စီးပွားရေးသမားတယောက်ကို သတ်ဖြတ်ခဲ့မှုမှာ အပြစ် ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
ဒီအမှုဟာ ဆယ်နှစ်လောက်မှာ တကြိမ်ဖြစ်လေ့ရှိတဲ့ ကွန်မြူနစ်ပါတီ ခေါင်းဆောင် အပြောင်းအလဲ မတိုင်ခင် ပါတီတွင်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ရတာပါ။ ဗြိတိသျှ စီးပွားရေးသမား နေးလ် ဟေးဝုဒ် ဆိုသူနဲ့ အလုပ်ကိစ္စသဘောတူညီမှု ပျက်ပြားပြီးတဲ့နောက် အဆိပ်ခပ် သတ်ဖြတ်ခဲ့ကြောင်း သြဂုတ်လ ၉ ရက်နေ့မှာ ဝန်ခံခဲ့တဲ့အတွက် ဂူခိုင်လိုင်းကို တနင်္လာနေ့ ဟီဖိုင်း မြို့မှာ ရုံးတင် စစ်ဆေးတဲ့ ကြားဖြတ်ခုံရုံးက ၂ နှစ် ဆိုင်းငံ့ သေဒဏ်ချမှတ်လိုက်တာပါ။
ဆိုင်းငံ့ပြစ်ဒဏ်ရဲ့ အဓိပ္ပယ်ကတော့ သူမအနေနဲ့ နောက်လာမယ့် ၂ နှစ်အတွင်း တခြားပြစ်မှု ကျူးလွန်ခြင်းမရှိရင် သေဒဏ်ကနေ ထောင်ဒဏ်တသက် ပြောင်းပေးနိုင်တယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ လူသတ်မှုကျူးလွန်ရာမှာ ကူညီပေးခဲ့တဲ့ မိသားစုဝင် ဝန်ထမ်းတယောက်ကိုတော့ ထောင်ဒဏ် ၉ နှစ် အပြစ်ပေး လိုက်ပါတယ်။
ဂူခိုင်လိုင်းဟာ သူနဲ့စီးပွားရေးလက်တွဲလုပ်ကိုင်နေသူ ဟေးဝုဒ် ကို ပြီးခဲ့တဲ့ နိုဝင်ဘာလတုံးက တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင်းမြို့က ဟိုတယ်တခုမှာ အဆိပ်ခပ်ပြီး သတ်ခဲ့တယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။ဂူရဲ့ခင်ပွန်းဖြစ်သူ ဘိုရှီလိုင်ဟာ တချိန်က ချုံချင်းကွန်မြူနစ် ပါတီခေါင်းဆောင်ဖြစ်ခဲ့သလို တရုတ်ကွန်မြူနစ်ပါတီအတွင်း တက်လမ်းရှိသူဆိုပြီး ရေပန်းစားခဲ့သူပါ။ ဒါပေမယ့် အရှုတ်အထွေးတွေဖြစ်ခဲ့ပြီး ရာထူးကနေ ဖယ်ရှားခံခဲ့ရပါတယ်။