သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မော်စီတုန်းကို လှောင်ပြောင်တဲ့ ရုပ်သံ တင်ဆက်သူကို အရေးယူမည်


CCTV ရုပ်မြင်သံကြား အစီအစဉ်မှူး Bi Fujian ။
CCTV ရုပ်မြင်သံကြား အစီအစဉ်မှူး Bi Fujian ။

ကွယ်လွန်သူတရုတ်ခေါင်းဆောင်ဟောင်း မော်စီတုန်း ကို လှောင်ပြောင်ထားတဲ့ ဗွီဒီယို တခုမှာ ပါဝင်ခဲ့သူအြ ဖစ် ထိပ်တန်း ရုပ်မြင်သံကြား အစီအစဉ်မှူးတဦးကို အရေးယူမယ် လို့ အစိုးရပိုင် တရုတ်ဗဟိုသတင်းအေဂျင်စီ CCTV က ပြော လိုက်ပါတယ်။ သီးသန့် ညစာစားပွဲ တခုမှာ ရိုက်ကူးထားတဲ့ ဗွီဒီယိုထဲမှာတော့ CCTV ရုပ်မြင်သံကြား အစီအစဉ်မှူး Bi Fujian ဟာ ခေတ်သစ် တရုတ်နိုင်ငံကို ထူထောင်သူအဖြစ် ထင်ရှားတဲ့ မော်စီတုန်းကို သရော်တဲ့ စကားလုံးတွေကို သုံးနှုန်းပြောဆိုခဲ့တာပါ။

တရုတ်နိုင်ငံမှာ ယဉ်ကျေးမှု တော်လှန်ရေးကာလက ပြဇာတ်တခုလိုမျိုး ဇာတ်လမ်းထဲမှာ သရုပ်ဆောင် နေတာကိုလည်း ဗွီဒီယိုမှာ တွေ့ခဲ့ရပါတယ်။ ဗွီဒီယိုကတော့ တရုတ်နိုင်ငံက အင်တာနက် လူမှုကွန်ယက်တွေပေါ်မှာ ချက်ခြင်းလိုလို ပျံ့နှံ့သွားခဲ့ရာက အစီအစဉ်မှူးကို တာဝန်က ရပ်ဆိုင်းထားလိုက်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

CCTV ကတော့ အစီအစဉ်မှူးရဲ့ မှတ်ချက်ဟာ လူမှုအသိုင်းအဝိုင်းအပေါ် အကြီးအကျယ် ရိုက်ခတ်မှုတွေ ရှိခဲ့တာကြောင့် စနစ်တကျ စုံစမ်းစစ်ဆေးနေပြီး၊ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ ကိုင်တွယ်ဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်း မနေ့နှောင်းပိုင်းကပဲ ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့တာပါ။

အသက် ၅၆ နှစ်အရွယ် အစီအစဉ်မှူး Bi Fujian ဟာ CCTV ရုပ်မြင်သံကြား မှာ နွေဦးပေါက်ပွဲတော် အစီအစဉ် တင်ဆက်သူအဖြစ် ထင်ရှားသူ ဖြစ်ပါတယ်။ သူ့ရဲ့ ပြောဆိုချက်ဟာ ဆိုရင်တော့ ၁၉၄၉ ခုနှစ်မှာ တရုတ်ကွန်မြူနစ်ပါတီ စတင်ထူထောင်ခဲ့ပြီးနောက် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ မော်စီတုန်းရဲ့ သမိုင်းအမွေနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံသားတွေကြား အမြင်သဘောထားတွေ ကွဲပြားနေတာကို ရောင်ပြန်ထင်ဟပ်နေတာပါ။

၁၉၇၆ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ မော်စီတုန်းဟာ တရုတ်နိုင်ငံကို စိုက်ပျိုးရေး တိုင်းပြည် အဖြစ်ကနေ စက်မှုနိုင်ငံအဖြစ် အသွင်ကူးပြောင်းပေးခဲ့သူအဖြစ် ထင်ရှားခဲ့ပေမဲ့လည်း နောက်ပိုင်းမှာတော့ ကွန်မြူနစ်ပါတီက သူ့ရဲ့ လုပ်ရပ်တွေမှာ ၇၀ ရာခိုင်နှုန်း မှန်ကန်ခဲ့ပေမဲ့၊ ၃၀ ရာခိုင်နှုန်း အမှားတွေ ရှိခဲ့တယ်လို့လည်း ဝန်ခံပြောဆိုထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG