သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့အရှည်ဆုံး အမြန်ရထားလိုင်း တရုတ်ဖွင့်လှစ်


တရုတ်နိုင်ငံမှာ ကမ္ဘာ့အရှည်ဆုံး အမြန်ရထားများ
တရုတ်နိုင်ငံမှာ ကမ္ဘာ့အရှည်ဆုံး အမြန်ရထားများ
ကမ္ဘာ့အရှည်ဆုံး မြန်နှုန်းမြင့် ရထားလိုင်းကို တရုတ်နိုင်ငံမှာ ဗုဒ္ဓဟူးနေ့က စတင် ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။

အကွာအဝေးအားဖြင့် ၁၄၂၇ မိုင် ရှည်လျားပြီး ဘေဂျင်းနဲ့ ဂွမ်ဇောင်အကြား ပြေးဆွဲတဲ့ အဲဒီ အမြန်ရထားဟာ မြို့တော် ဘေဂျင်းကနေ မနက် ၉ နာရီမှာ ထွက်ခွာပြီး ဒုတိယရထားကတော့ ဂွမ်ဇောင်ကနေ တနာရီခြားပြီး ထွက်ခွာခဲ့ပါတယ်။

ဒီရထားဟာ နာရီမိုင် ၁၈၆ မိုင်နှုန်းနဲ့ မောင်နှင်တာဖြစ်တဲ့အတွက် မြို့တော် ဘေဂျင်းနဲ့ တိုင်းပြည်တောင်ပိုင်းက စီးပွားရေးအချက်အချာ ဒေသတခုဖြစ်တဲ့ ဂွမ်ဇောင်းအကြား အရင်က နာရီ ၂၀ ေကျော် သွားရတဲ့ခရီးဟာ ဒီ မြန်နှုန်းမြင့် ရထားကြောင့် အခု ၈ နာရီလောက်ပဲ ကြာတော့မှာ ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်အမှီ အရှေ့နဲ့အနောက် မြန်နှုန်းမြင့် ရထား ၄ လိုင်း၊ တောင်နဲ့မြောက် ၄ လိုင်းစီ တည်ဆောက်သွားဖို့ တရုတ်အစိုးရက စီစဉ်နေတာ ဖြစ်ပါတယ်။
XS
SM
MD
LG