သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ ဒီမိုကရေစီ အပြောင်းအလဲ တရုတ် သတိပေး


မြန်မာနိုင်ငံက ဒီမိုကရေစီရေး အပြောင်းအလဲတွေဟာ "အလျင်စလို" လုပ်လို့ မဖြစ်နိုင်ဘူးလို့ တရုတ်နိုင်ငံပိုင် မီဒီယာက သတိပေး ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေ အားလုံးကို ဒီမိုကရေစီ ဆိုတဲ့ အရာတခုထဲနဲ့ ဖြေရှင်းလို့ မရနိုင်ဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံက အရပ်သားတပိုင်း အစိုးရသစ်က တိုင်းပြည်မှာ မကြုံဘူးသေးတဲ့ အနာဂတ်ကို ဖန်တီး ပေးမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပြုလုပ်နေတဲ့ ပြုပြင် ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး ကွန်မြူနစ်ပါတီက ထုတ်ဝေတဲ့ Global Times ရဲ့ သုံးသပ်ချက် ဆောင်းပါးမှာ ရေးသားထားပါတယ်။

အနောက်တိုင်းဆန်တဲ့ ဒီမိုကရေစီ ပုံစံဟာ မြန်မာနိုင်ငံအတွက် အန္တရာယ်ကြီးမားတယ် ဆိုပြီးတော့လည်း သတိပေး ရေးသားထားပါတယ်။ အလျှင်စလို ပြုပြင် ပြောင်းလဲမှုတွေ ပြုလုပ်တာဟာ အစွန်းရောက်သူတွေကို အားပေးလိုက်သလို ဖြစ်သွားလိမ့်မယ်လို့ ဆိုပါတယ်။

မကြာသေးခင်က တိုင်းပြည် အနောက်ခြမ်းမှာ လူတွေ ဒါဇင်နဲ့ချီ သေဆုံးခဲ့ရသလို ထောင်နဲ့ချီပြီး အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ မွတ်ဆလင် ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကြား ဖြစ်ပွားခဲ့ရတဲ့ အဓိကရုန်းကို ဥပမာပေး ရေးသားထားပါတယ်။

"ဒီမိုကရေစီ ဆိုတာ မြန်မာနိုင်ငံအတွက် ၉၆ ပါး ရောဂါ ပျောက်ဆေးကြီး မဟုတ်ဘူး" ဆိုပြီး ခေါင်းစဉ်တပ် ရေးသားတဲ့ ဆောင်းပါးမှာ အနောက်နိုင်ငံတွေက ဒီမိုကရေစီ စံနစ်ဟာ မြန်မာနိုင်ငံအပေါ် တော်တော် သြဇာ လွှမ်းမိုးနေကြောင်း မြန်မာနိုငငံ အနောက်ခြမ်းမှာ ဖြစ်တဲ့ အဖြစ်အပျက်မျိုးဟာ ဆိုးဝါးလာနိုင်သလို ထိန်းမနိုင် သိမ်းမရ အခြေအနေ ဆိုက်ရောက်နိုင်ကြောင်းလည်း သတိပေး ရေးသားထားပါတယ်။

XS
SM
MD
LG