သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ပြည်က ခွေးသားဈေး ပွဲတော်


တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူတွေက သတ်စားဖို့ ရောင်းနေတဲ့ခွေးတွေကို ကယ်တင်တဲ့အနေနဲ့ ဝယ်ပြီး လှောင်အိမ်ထဲကို ထည့်နေစဉ်။
တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူတွေက သတ်စားဖို့ ရောင်းနေတဲ့ခွေးတွေကို ကယ်တင်တဲ့အနေနဲ့ ဝယ်ပြီး လှောင်အိမ်ထဲကို ထည့်နေစဉ်။

တရုတ်နိုင်ငံ၊ Yulin ခွေးသားဈေးပွဲတော်မှာ တနင်္ဂနွေနေ့က ရောင်းနေတာလို့ဆိုတဲ့ ခွေးအရှင်တွေကို Humane Society International HSI အဖွဲ့က တက်ကြွလှုပ်ရှားသူတွေ ဗွီဒီယို ရိုက်ယူခဲ့ပါတယ်။

နှစ်စဉ်ကျင်းပတဲ့ အဲဒီပွဲတော်အတွင်း အရင်တုန်းကတော့ ခွေးကောင်ရေ ထောင်ပေါင်းများစွာကို သတ်ခဲ့ဖူးပါတယ်။

ပွဲတော်မရှိတဲ့ကာလတွေအတွင်း Yulin အရပ်မှာ အလားတူဈေးတွေရှိပေမဲ့ အဲဒီဈေးတွေဟာ ပွဲတော်ကာလအတွင်းမှာ ပိုကြီးမားတဲ့ပုံရတယ်လို့ တိရစ္ဆာန်တွေအပေါ် အကြင်နာတရားထားရေး လှုံံ့ဆော်စည်းရုံးတဲ့ HSI အဖွဲ့ကပြောပါတယ်။

Yulin ဒေသရဲ့ ဓလေ့ထုံးတမ်းအရ ဇွန်လ ၂၁ ရက်ပတ်ဝန်းကျင်မှာ ကျရောက်တဲ့ နွေယဉ်စွန်းချိန်ကာလအတွင်း ခွေးသားနဲ့ လိုင်ချီးသီးကိုစားပြီး အရက်သောက်ရင် ဆောင်းတွင်းမှာ လူတွေကို ကျန်းမာရေးကောင်းစေတယ်လို့ ယူဆကြပါတယ်။

တိရစ္ဆာန်အခွင့်အရေး လှုပ်ရှားသူတွေကတော့ ဒီပွဲတော်ဟာ အကြင်နာတရားကင်းမဲ့ ရက်စက်ပြီး အများပြည်သူကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတဲ့ အချက်တွေနဲ့ ကန့်ကွက်ကြတာပါ။

အရှေ့ပိုင်း Zhejiang ပြည်နယ်က အလားတူ ခွေးသားဈေးပွဲတော်တခုကတော့ ၂၀၁၁ ခုနှစ်မှာ လူထုကဝိုင်းပြီး ကန့်ကွက် ဖိအားပေးတဲ့အတွက် ဖျက်လိုက်ရပါတယ်။ အဲဒီပွဲတော်ဟာ လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာကတည်းက လုပ်လာတဲ့ပွဲတော်ဖြစ်ပါတယ်။

XS
SM
MD
LG