သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်အနောက်ပိုင်း ငလျင် ၄ ဦးထက်မနည်း သေဆုံး


ငလျင်လှုပ်ခတ်ခဲ့ရာ ဆီချွမ်ဒေသ
ငလျင်လှုပ်ခတ်ခဲ့ရာ ဆီချွမ်ဒေသ

တရုတ်နိုင်ငံအနောက်ပိုင်း Sichuan ပြည်နယ်က လူနေသိပ်မထူထပ်တဲ့ဒေသမှာ အင်အားပြင်းငလျင်တခု လှုပ်ခတ်ခဲ့ပြီး (၄) ယောက်သေဆုံး၊ (၅၀) ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတာဝန်ရှိသူတွေက အတည်ပြုပါတယ်။

အမေရိကန်ဘူမိဗေဒစစ်တမ်းအရ စီချွမ်ပြည်နယ်ရဲ့ ကဲန်ဒင်းမြို့နယ်က (၁၈) မိုင်အကွာမှာ စနေနေ့ နေ့လည်ပိုင်းက ပြင်းအား (၅.၉) ရှိပြီး အနက် (၁၄) ကီလိုမီတာအကွာကနေ ငလျင်လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ ငလျင်ဒဏ်ကြောင့် အိမ်တချို့ပြိုကျပြီး တော်တော်များများ ပျက်စီးခဲ့ပါတယ်။

တနင်္ဂနွေနေ့ထုတ် တရုတ်အစိုးရအာဘော် ဆင်ဟွာသတင်းက Tagong မြို့က မူလတန်းကျောင်းတကျောင်းမှာ ငလျင်ဒဏ်က ဘေးကင်းဖို့ ထွက်ပြေးနေကြတုန်း လူအုပ်ပိပြီး ၄၂ ယောက် ဒဏ်ရာရသွားတယ်လို့ ဖော်ပြပါတယ်။ ငလျင်ဒဏ်ကြောင့် ပျက်စီးမှု အခြေအနေကို တာဝန်ရှိသူတွေက စစ်ဆေးနေဆဲ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံအလယ်ပိုင်းမှာလည်း စနေနေ့ညက Nagano နားကဒေသကို ဗဟိုပြုပြီး ပြင်းအား (၆.၈) ရှိတဲ့ငလျင်တခု လှုပ်ခတ်ခဲ့လို့ အိမ်တချို့ပြိုကျပြီး လူ (၃၉) ယောက် ဒဏ်ရာရာခဲ့ပါတယ်။

XS
SM
MD
LG