သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်စီးပွားရေး ၇.၄ ရာခိုင်နှုန်း ကျဆင်း


တရုတ်ဝန်ကြီးချုပ် Wen Jiabao
တရုတ်ဝန်ကြီးချုပ် Wen Jiabao
တရုတ်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းဟာ ဒီနှစ် တတိယမြောက် သုံးလပတ်ကာလမှာ ၇.၄ ရာခိုင်နှုန်းအထိ ကျဆင်းသွားပါတယ်။ ဒါဟာ အစိုးရ ရည်မှန်းချက်ကနေ လွဲခဲ့ရတာဖြစ်သလို ကမ္ဘာ့ ဘဏ္ဍာရေး အကျပ်အတည်း စခဲ့ချိန်ကတည်းကစလို့ ဖွံ့ဖြိုးမှုနှုန်း အနိမ့်ဆုံးကို ကျသွားခဲ့တာလည်း ဖြစ်ပါတယ်။

အမျိုးသား စာရင်းစစ်ဌာနက ဒီကနေ့ ထုတ်ပြန်တဲ့ စာရင်းမှာ ကမ္ဘာ့ဒုတိယ စီးပွားရေး အင်အားကြီး နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံအတွက် သုံးလပတ် (၇) ကြိမ်ဆက်တိုက် ကျဆင်းလာခဲ့တာလည်း ဖြစ်ပါတယ်။ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း ၇.၄ ရာခိုင်နှုန်းရှိတာဟာ တခြား စီးပွားရေး ကျပ်တည်းမှုဒဏ် ခံရတဲ့ နိုင်ငံတွေ ကြားမှာ များတယ်လို့ ယူဆရပေမဲ့ နှစ်စဉ် စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း ၁၀ ရာခိုင်နှုန်းနဲ့ ဆယ်စုနှစ်များစွာ ရှိခဲ့တဲ့ တရုတ်နိုင်ငံအတွက်တော့ ဒီနှုန်းက နည်းနေတာပါ။

ခုလို တရုတ် စီးပွားရေး ကျဆင်းရတာဟာ ကမ္ဘာ့ စီးပွားရေး အကျပ်အတည်းကြောင့် တစိတ်တပိုင်း ဖြစ်ရတာလို့ အမျိုးသား စာရင်းစစ်ဌာန ပြောခွင့်ရသူ Shen Laiyun က ပြောပါတယ်။ တရုတ်နိုင်ငံရဲ့ ပြည်ပ ဝယ်လိုအားတွေ သိသိသာသာ နည်းပါးသွားခဲ့တာက တရုတ်ရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုကို အကြီးအကျယ် ထိခိုက်စေခဲ့တာလို့ သူက ပြောပါတယ်။ တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်ကတော့ တရုတ်အစိုးရ ရည်မှန်းထားတဲ့ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း ၇.၅ ရာခိုင်နှုန်းကို ဒီနှစ် ပြည့်မီဖို့ အကောင်းမြင်နေတုန်း ဖြစ်ပါတယ်။ တရုတ်စီးပွားရေးဟာ တည်ငြိမ်နေပြီး ပြီးခဲ့တဲ့ သုံးလအတွင်း ကောင်းနေတုန်းပဲလို့ မစ္စတာ ဝမ်ကျားပေါင်က မနေ့က ဗုဒ္ဓဟူးနေ့ကပဲ ပြောခဲ့တာပါ
XS
SM
MD
LG