သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ် ပင်လယ် ရေဒါစနစ် တရုတ်တပ်ဆင်


တောင်တရုတ် ပင်လယ်ပြင်ထဲက နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ကျွန်း (Courtesy of Stratfor)
တောင်တရုတ် ပင်လယ်ပြင်ထဲက နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ကျွန်း (Courtesy of Stratfor)

တရုတ်ဟာဒေသကို ထိန်းချုပ်နိုင်စွမ်း ပိုမြင့်စေမယ့် လုပ်ရပ်အဖြစ် တရုတ်ဟာ တောင်တရုတ် ပင်လယ်ပြင်ထဲက နယ်မြေပိုင်ဆိုင်မှု အငြင်းပွား ကျွန်းတွေပေါ်မှာ ရေဒါစနစ်တခု ကို တပ်ဆင်နေတယ် သီးခြားလွတ်လပ်တဲ့ အမေရိကန် သုတေသနအဖွဲ့ တဖွဲ့က ပြောပါတယ်။

အမေရိကန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi အမေရိကန်နိုင်ငံကို မလာခင်လေးမှာပဲ ဝါရှင်တန် အခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးအဖွဲ့ CSIS က ဒီအစီရင်ခံစာကို ထုတ်ပြန်လိုက်တာပါ။

CSIS ရဲ့ အာရှဒေသ ရေကြောင်းဆိုင်ရာ ပွင့်လင်းမြင်သာရေးဌာနက ဂြိုလ်တုကနေရိုက်ယူထားတဲ့ ပုံတွေကို ထုတ်ပြန်လိုက်ပြီး အဲဒီထဲမှာတော့Spratly ကျွန်းစုထဲမှာ ရှိတဲ့ Cuarteron ကျောက်တန်းပေါ်မှာ အဆင်မြင့် ရေဒါစနစ်တခု၊ မီးပြတိုက်တခု၊ ရဟတ်ယာဉ်ဆင်းသက်နိုင်မယ့်နေရာတခု၊ မြေအောက် ကတုတ်ကျင်းနဲ့ တခြား ဆက်သွယ်ရေး ပစ္စည်းကိရိယာတွေပါတဲ့ ပုံတွေကို တွေ့ရပါတယ်။

ဒီ ရေဒါစနစ်ဟာ တောင်တရုတ် ပင်လယ်ပြင်ရဲ့ မြောက်ဘက်မှာ မြေပြင်နဲ့ ဝေဟင် အသွားအလာတွေအပေါ် စောင့်ကြည့်နိုင်စွမ်း အများကြီးပိုကောင်းသွားမယ့် စနစ်ဖြစ်တယ်လို့အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်၊ Spratly ကျွန်းစုတွေထဲက တခြားကျွန်းငယ်တွေပေါ်မှာလဲ ရေဒါစနစ်တွေ တည်ဆောက်နေပုံရတယ်လို့ CSIS ကပြောပါတယ်။

XS
SM
MD
LG