သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Glasgow ဆေးကုမ္ပဏီ တရုတ် ဒဏ်ရိုက်


 တရုတ် ဒဏ်ရိုက် လိုက်တဲ့ Glasgow ဆေးကုမ္ပဏီ။
တရုတ် ဒဏ်ရိုက် လိုက်တဲ့ Glasgow ဆေးကုမ္ပဏီ။

ဗြိတိန်ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီကြီးဖြစ်တဲ့ GlaxoSmithKline ကို တရုတ်တရားရုံးတခုက ဒဏ်ငွေ အမေရိကန်ဒေါ်လာ သန်း ၄၉၀ ချမှတ်လိုက်ပါတယ်။ ဒါ့အပြင် သူတို့ထုတ်တဲ့ဆေးတွေကို သုံးဖို့ ဆရာဝန်တွေနဲ့ ဆေးရုံတွေကို လာဘ်ထိုးတယ်ဆိုပြီး ကုမ္ပဏီ ရဲ့ ဗြိတိန်နိုင်ငံသား တရုတ်နိုင်ငံဆိုင်ရာ မန်နေဂျာနဲ့ တခြားလူတွေကိုလည်း ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။

ဟူနန်းပြည်နယ်၊ Changsha မြို့ တရားရုံးက ဒီကနေ့ ချမှတ်လိုက်တဲ့ဒဏ်ငွေဟာ တရုတ်တရားရုံးတခုကနေချမှတ်ဖူးသမျှ အကြီးမားဆုံး ဒဏ်ငွေဖြစ်တယ်လို့ အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။

ကုမ္ပဏီရဲ့ တရုတ်နိုင်ငံဆိုင်ရာ အကြီးအကဲဟောင်း Mark Reilly နဲ့ တခြားအရာရှိတွေကိုလည်း ထောင်ဒဏ် နှစ်နှစ်ကနေ လေးနှစ်အထိ တရားရုံးက ချမှတ်လိုက်တာပါ။

တရားမဝင် ဝင်ငွေ ဒေါ်လာဘီလီယံပေါင်းများစွာ ရဖို့အတွက် ဆေးရုံတွေ၊ ဆရာဝန်တွေနဲ့ ကျန်းမာရေးဌာနတွေကို လာဘ်ထိုးဖို့ ကုမ္ပဏီဝန်ထမ်းတွေကို Reilly က ညွှန်ကြားတယ်ဆိုပြီး ရဲတပ်ဖွဲ့က စွပ်စွဲပြီး တရားစွဲဆိုတာပါ။

XS
SM
MD
LG