သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ဝန်ကြီးချုပ် အိန္ဒိယရောက်


Chinese Premier Li Keqiang (file photo)
Chinese Premier Li Keqiang (file photo)
တရုတ်ဝန်ကြီးချုပ် လီကွတ်ချောင်းဟာ အိန္ဒိယနိုင်ငံကို ၃ ရက်ကြာ ခရီးစဉ်အဖြစ် မေလ ၁၉ ရက် ဒီကနေ့ တနင်္ဂနွေနေ့မှာ စတင်သွားရောက် မှာဖြစ်ပါတယ်။ တရုတ်ဝန်ကြီးချုပ်ရဲ့ ပထမဆုံး အိန္ဒိယနိုင်ငံခရီးစဉ်ဟာ အာရှနိုင်ငံကြီး ၂ ခုကြား အချိန်အတော်ကြာကတည်းက ရှိလာခဲ့တဲ့ နယ်စပ်တင်းမားမှုပြဿနာကို ဖြေရှင်းပြီး၊ နှစ်နိုင်ငံ ဗျူဟာမြောက်ဆက်ဆံရေး နဲ့ ကုန်သွယ်ရေးကို တိုးချဲ့သွားဖို့ဖြစ်ပါတယ်။

ဒါဟာ ဝန်ကြီးချုပ်ရာထူး စတင်ချိန်ကစပြီး၊ တရုတ်ဝန်ကြီးချုပ်ရဲ့ပထမဆုံး ပြည်ပ ခရီးစဉ်ဖြစ်ပြီး၊ သူဟာ အိန္ဒိယနိုင်ငံအပြင် ပါကစ္စတန်၊ ဂျာမနီ နဲ့ ဆွစ်ဇာလန်နိုင်ငံတွေကိုလည်း သွားရောက်မှာဖြစ်ပါတယ်။

တရုတ်ဝန်ကြီးချုပ်ဟာ အိန္ဒိယနိုင်ငံမှာ ရှိနေစဉ်အတွင်း အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်သွားမှာဖြစ်ပြီး၊ တခြားအိန္ဒိယခေါင်းဆောင်တွေလည်း တွေ့ဆုံသွားဖိုရှိပါတယ်။ အဲဒီနောက်မှာတော့ တရုတ်ဝန်ကြီးချုပ်ဟာ အိန္ဒိယနိုင်ငံ ရဲ့ နျူကလီးယားပြိုင်ဘက်နိုင်ငံဖြစ်တဲ့ ပါကစ္စတန်နိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ အကြီးဆုံးကုန်သွယ်ဘက်နိုင်ငံ ဖြစ်ပြီး၊ လာမယ့် ၂၀၁၅ ခုနှစ်မှာ နှစ်နိုင်ငံကုန်သွယ်မှုကို အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံအထိ တိုးမြှင့်သွားဖို့ရည်ရွယ်ထားပါတယ်။
XS
SM
MD
LG