သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ရေတပ်ခေတ်မှီမှု အိန္ဒိယစိုးရိမ်


ဘင်္ဂလားပင်လယ်အော်တွင်း အိန္ဒိယရေတပ်လေ့ကျင့်နေစဉ်။
ဘင်္ဂလားပင်လယ်အော်တွင်း အိန္ဒိယရေတပ်လေ့ကျင့်နေစဉ်။
တရုတ်နိုင်ငံရေတပ်ကို ခေတ်မီတိုးတက်အောင်ဆောင်ရွက်တာကို စိုးရိမ်ပူပန်မှုရှိပြီး တောင်တရုတ်ပင်လယ်ထဲက အိန္ဒိယနိုင်ငံရဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးဖို့ ဆုံးဖြတ်ထားတယ်လို့ အိန္ဒိယရေတပ်အကြီးအကဲ DK Joshi ကပြောဆိုလိုက်ပါတယ်။
အိန္ဒိယနိုင်ငံ ပိုင်ရေနံနဲ့ သဘာဝဓါတ်ငွေ့ ကော်ပိုရေးရှင်း က ဗီယက်နမ်ကမ်းရိုးတန်း တလျောက် သဘာဝဓါတ်ငွေ့လုပ်ငန်း အကျိုးစီးပွားဆောင်ရွက်မှုတွေ ရှိနေပါတယ်။ တချိန်ထဲမှာ တောင်တရုတ် ပင်လယ်ပြင်ကို သူပိုင်တယ်လို့ တရုတ်နိုင်ငံက ပြောဆိုထား တာဖြစ်ပါတယ်။

ဖိလစ်ပိုင် ဘရုနိုင်း မလေးရှား ထိုင်ဝမ် ဗီယက်နမ်တို့ကလည်း သတ္တု ပေါကြွယ်ဝတဲ့ Spratly ကျွန်းစုတွေ အပါအဝင် တောင်တရုတ်ပင်လယ်ရဲ့ အစိတ်အပိုင်း တချို့ကို သူတို့နဲ့ ဆိုင်တယ် လို့ ပြောဆိုထားတာဖြစ်ပါတယ်။ တနင်္လာနေ့က တော့ သတင်းထောက်တွေကို ပြောဆိုရာမှာ အိန္ဒိယရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်းဟာ တောင်တရုတ်ပင်လယ်ထဲက ဗီယက်နမ် ကမ်းရိုးတန်းတလျောက် စွမ်းအင်ရှာဖွေရေးလုပ်ကွက် ၃ ခု လုပ်နေတာဖြစ်ပြီး ရေကြောင်းပိုင်နက်ထဲမှာ အိန္ဒိယအကျိုးစီးပွား ကိုကာကွယ်ဖို့ လိုအပ်တာနဲ့ တပြိုင်နက် အိန္ဒိယ ရေတပ်က ဒီတာဝန်ကို ထမ်းဆောင်ဖို့အသင့့်ရှိတယ်လို့ ရေတပ်ဦးစီးချုပ် DK Joshi ကပြောလိုက်ပါတယ်။ အိန္ဒယရေတပ်က ဘယ်လိုအခြေအနေမျိုးအတွက်မဆို သင့့်တော်သလို တုံ့ပြန်ဖို့ပြင်ဆင်ထားတယ်လို့လည်း သူက ပြောဆိုပါတယ်။ တရုပ်ရေတပ် မတော်ခေတ်မီတိုးတက်အောင်ဆောင်ရွက်တာဟာ အထင်ကြီး စရာဖြစ်သလို အိန္ဒိယအတွက် စိုးရိမ်စရာဖြစ်တာကြောင့်အိန္ဒိယရေတပ်က မဟာဗျုဟာနဲ့ ရွေးချယ်စရာ နည်းလမ်းတွေကလေ့လာအကဲဖြတ်နေတယ်လို့လဲပြောဆိုပါတယ်။
XS
SM
MD
LG