သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်တာနက်အသုံးပြုမှု တရုတ် ပိုမိုထိန်းချုပ်


တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်တွင် အင်တာနက်ကဖေးဆိုင်တွင် အင်တာနက်သုံးနေသူတစ်ဦးကို တွေ့ရစဉ်။ (ဒီဇင်ဘာ ၂၈၊၂၀၁၂)
တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်တွင် အင်တာနက်ကဖေးဆိုင်တွင် အင်တာနက်သုံးနေသူတစ်ဦးကို တွေ့ရစဉ်။ (ဒီဇင်ဘာ ၂၈၊၂၀၁၂)
တရုတ်နိုင်ငံက အင်တာနက်အသုံးပြုသူတွေအနေနဲ့ မှတ်ပုံတင်တဲ့အခါမှာ သူတို့ရဲ့ နာမည်အရင်းတွေကို အသုံးပြုရမယ်လို့ စည်းကမ်းသတ်မှတ်ပြီး အင်တာနက် အသုံးပြုသူတွေအပေါ် အစိုးရက ပိုပြီး တင်းတင်းကျပ်ကျပ် ထိန်းချုပ်လိုက်တယ်လို့ အစိုးရ ပိုင် သတင်းဌာနက ကြေညာပါတယ်။
အမျိုးသားပြည်သူ့ကွန်ဂရက်၊ အမြဲတမ်းကော်မတီရဲ့ ငါးရက်ကြာ အစည်းအဝေး နောက်ဆုံးနေ့မှာ လွှတ်တော်ကိုယ်စားလှယ်တွေ က အဲဒီကိစ္စကို အတည်ပြုခဲ့တဲ့အကြောင်း ဆင်ဟွာသတင်းဌာနက ကြေညာတာပါ။

ဒီလိုလုပ်ရတာဟာ အင်တာနက်အသုံးပြုသူတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို ကာကွယ်ဖို့နဲ့ junk e-mail လို့ ခေါ်တဲ့ ကြော်ငြာတွေနဲ့ လိမ်ဖို့ကြိုးစားတဲ့ အီးမေးတွေလို မတော်တရော် လုပ်ရပ်တွေကို နှိမ်နင်းဖို့ ရည်ရွယ်တာဖြစ်တယ်လို့ တရုတ်တာဝန်ရှိသူတွေကပြောပါတယ်။
ဒါပေမဲ့လည်း နာမည်အရင်းကို အသုံးပြုရမှာကြောင့် အကျင့်ပျက်ခြစားမှုတွေနဲ့ တာဝန်ရှိသူတွေရဲ့ အာဏာအလွဲသုံးစားလုပ်မှု တွေအပေါ် လူတွေအနေနဲ့ နာမည်ရင်းမဖော်ဘဲ သတင်းပို့နိုင်မယ့်အခြေအနေကို ထိခိုက်စေမှာဖြစ်ပါတယ်။
XS
SM
MD
LG