သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အငြင်းပွား ကျွန်း သွားတဲ့ တရုတ်တွေ ဂျပန်ဖမ်းဆီး


တရုတ်နိုင်ငံဘေဂျင်းမြို့ရှိ ဂျပန်သံရုံးရှေ့တွင် တရုတ် ဂျပန်နှစ်နိုင်ငံ အငြင်းပွားနေတဲ့ ကျွန်းကိစ္စနဲ့ပတ်သတ်ပြီး တရုတ်နိုင်ငံသားတွေက တရုတ်နိုင်ငံတော်အလံနှင့် ဂျပန်ဆန့်ကျင်ရေး ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ဆန္ဒပြနေကြစဉ်။
တရုတ်နိုင်ငံဘေဂျင်းမြို့ရှိ ဂျပန်သံရုံးရှေ့တွင် တရုတ် ဂျပန်နှစ်နိုင်ငံ အငြင်းပွားနေတဲ့ ကျွန်းကိစ္စနဲ့ပတ်သတ်ပြီး တရုတ်နိုင်ငံသားတွေက တရုတ်နိုင်ငံတော်အလံနှင့် ဂျပန်ဆန့်ကျင်ရေး ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ဆန္ဒပြနေကြစဉ်။
တရုတ်နဲ့ ဂျပန်နိုင်ငံတွေက ပိုင်ဆိုင်ကြောင်း အသီးသီးကြေငြာထားကြတဲ့ ကျွန်းပေါ်ကိုရောက်လာကြတဲ့ တရုတ်နိုင်ငံကို ထောက်ခံသူ (၁၄) ယောက်ကို ဂျပန်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တဲ့အပေါ် တရုတ်အစိုးရက တရားဝင်ကန့်ကွက်လိုက်ပါတယ်။ ကမ်းခြေစောင့်တပ်ဖွဲ့က လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားတဲ့ ကြားကပဲ တက်ကြွလူပ်ရှားသူတွေ ဟောင်ကောင်ကနေ ရေကြောင်းက ရောက်လာတာလို့ ဂျပန်ရဲတပ်ဖွဲ့က ပြောဆိုထားတာပါ။

ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က လူပ်ရှားသူတွေ လိုက်ပါလာတဲ့ တရုတ်ငါးဖမ်းသင်္ဘောကို မီးသတ်ပိုက်တွေနဲ့ ပက်ဖြန်းပြီး တားဆီးဖို့ ကြိုးစားခဲ့သေးတယ်လို့လည်း ပြောပါတယ်။ ဖမ်းဆီးခံရသူတွေကိုတော့ လူဝင်မူဥပဒေကို ချိုးဖောက်ခဲ့တယ်လို့ ဂျပန်ရဲတပ်ဖွဲ့က စွတ်စွဲပြီး အမူရင်ဆိုင်ဖို့ အိုကီနာဝါ Okinawa ကျွန်းကို ပို့လိုက်ပြီလို့လည်း ပြောပါတယ်။ တရုတ်လူပ်ရှားသူတွေ ကတော့ နယ်မြေပိုင်ဆိုင်မူအတွက် အငြင်းပွားနေတဲ့ ကျွန်းပေါ်ကို ဂျပန်လွှတ်တော်အမတ်တွေ သွားရောက်ဖို့ စီစဉ်နေတာကို တန်ပြန်ဖို့ ရည်ရွယ်ပြီး အခုလို သွားရောက်တာလို့ ဆိုပါတယ်။

ဂျပန်နိုင်ငံက Senkaku လို့ ခေါ်ပြီး တရုတ်နိုင်ငံက Diaoyu လို့ခေါ်တဲ့ လူသူမနေတဲ့ ကျွန်းစုတွေ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကိစ္စဟာ နှစ်နိုင်ငံကြား မကြာခဏဆိုသလို ပြဿနာတွေအဖြစ်နဲ့ ကြုံနေရတာပါ။ ဒီကျွန်းစုတွေမှာ သဘာဝဓာတ်ငွေ့သိုက်တွေနဲ့ အနီးအနားမှာလည်း ငါးဖမ်းကွက်တွေ အကြီးအကျယ် ရှိနေပါတယ်။ နောက်ထပ် သီးခြား ဖြစ်ရပ်တခုမှာတော့ အလားတူ အငြင်းပွားစရာ ဖြစ်နေရတဲ့ ဂျပန်နိုင်ငံက Takeshima လို့ခေါ်ပြီး တောင်ကိုရီးယားက Dokdo လို့ ခေါ်တဲ့ ကျွန်းပေါ်ကိုလည်း တောင်ကိုရီးယား နိုင်ငံသားတွေ သွားရောက်ခဲ့ကြပါသေးတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG