သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NGO တွေ အခက်ကြုံဖွယ် တရုတ် ဥပဒေကြမ်း


တရုတ်နိုင်ငံ ဘေဂျင်းမြို့။
တရုတ်နိုင်ငံ ဘေဂျင်းမြို့။

တရုတ်နိုင်ငံက ရေးဆွဲထားတဲ့ ဥပဒေကြမ်းတခုကိုသာ အတည်ပြုခဲ့မယ်ဆိုရင်တော့ - ပြည်ပက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း NGOs တွေအနေနဲ့ တင်းကျပ် ကန့်သတ်မှုတွေနဲ့ ကြုံရတော့မှာ ဖြစ်ပါတယ်။ ပြည်ပက NGOs အဖွဲ့အစည်း တချို့ဟာ တိုင်းပြည်လုံခြုံရေးအတွက် အန္တရာယ်ရှိတယ်လို့ အစိုးရက မြင်နေပြီး၊ ဒီအဖွဲ့တွေကို စုံစမ်းစစ်ဆေးဖို့ အခွင့်အာဏာတွေ ပိုပေးတဲ့ ဥပဒေတွေနဲ့ လုပ်ထုံးလုပ်နည်းတွေကို ဖန်တီးနေတာလို့လည်း သုံးသပ်သူတွေက ပြောဆိုပါတယ်။

လတ်တလောမှာတော့ အဓိက နိုင်ငံခြား NGO တခုဖြစ်တဲ့ Action Aid ကတော့ သူတို့ရဲ့လုပ်ငန်းတွေ ရပ်ဆိုင်းထားလိုက်ပြီး၊ တရုတ်နိုင်ငံမှာ အဖြစ်သဘောလောက်ပဲ ဆက်လက်ဖွင့်လှစ်ထားပါတယ်။ တခြား အနောက်နိုင်ငံက NGOs တော်တော်များများဟာလည်း တရုတ်နိုင်ငံကနေ ထွက်ခွာကြဖို့ ပြင်ဆင်နေပါပြီ။

ဆွီဒင်နိုင်ငံသား NGO ဝန်ထမ်းတဦးဖြစ်တဲ့ Peter Dahlin - မကြာသေးခင်က ထိန်းသိမ်းခံထားရတဲ့ အတွက်လည်း အခြေအနေတွေဟာ ပိုဆိုးလာနေသလို ဖြစ်ခဲ့ရပါတယ်။

အစိုးရရဲ့ ဥပဒေမူကြမ်းက နိုင်ငံခြား NGO တွေနဲ့ ဆက်ဆံတဲ့အခါမှာ အမျိုးသား လုံခြုံရေး ဆိုတာကို ရှေ့တန်းတင်လာနေပြီး၊ NGO ဝန်ထမ်း ပီတာ ဒါလင်းရဲ့ အမှုဟာလည်း ဒီလိုအခြေအနေတွေကို မီးမောင်းထိုးပြနေတယ်လို့ ဂျာမနီနိုင်ငံ ဘာလင်အခြေစိုက် MERICS ဌာနရဲ့ နိုင်ငံရေး၊ လူမှုရေးနဲ့ မီဒီယာသုတေသနဌာန ညွှန်ကြားရေးမှူး Kristin Shi-Kupfer က ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG