သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်မှာ ကြွက်သားတွေ ညာရောင်း


တရုတ်နိုင်ငံမှာ စားသောက်ကုန်လုပ်ငန်း လုပ်ကိုင်သူတွေကို တုန်လှုပ်ခြောက်ခြားစေခဲ့တဲ့၊ ကြွက်သားတွေကို သိုးသားလို့ ညာရောင်းသူတွေကို ဖမ်းဆီးလိုက်တယ်ဆိုတဲ့ အခုနောက်ဆုံး ကျော်မကောင်းကြားမကောင်းသတင်း ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် တရုတ်စားသုံးသူတွေကြားမှာလည်း ဒီအကြောင်းတွေကိုပဲ ပြောဆိုနေကြပါတယ်။

ရှန်ဟိုင်းနဲ့ ပင်လယ်ကမ်းရိုးတန်းမြို့ဖြစ်တဲ့ Wuxi မြို့တွေမှာ ခုလို ကြွက်သားတွေ ကို သိုးသားလို့ ညာပြီး ရောင်းချခဲ့မှုနဲ့ စွပ်စွဲခံရပြီး ဖမ်းဆီးထားသူ ၆၃ ဦး ရှိတယ် လို့ တရုတ်ရဲတွေက ပြောပါတယ်။ ဒီဖမ်းဆီးမှုဟာ ဇန်နဝါရီလကုန်စလို့ တရုတ်နိုင်ငံမှာ အသားတု ဒါမှမဟုတ် မကောင်းတဲ့အသားတွေကို ညာရောင်းသူ ၉၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီးဖြစ်တဲ့၊ အသားတု လုပ်ရောင်းသူတွေ အပေါ် နှိမ်နင်းမှုကြီးရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။

အာဏာပိုင်တွေဟာ ကြွက်နဲ့ တခြား အသေးစား နို့တိုက်သတ္တဝါတွေရဲ့ အသားနဲ့ လုပ်ထားတဲ့ စားသောက်ကုန်ပစ္စည်းတွေနဲ့ လူတွေ မစားရမနေချင်အောင် စွဲဆောင်တဲ့ဆေးတွေနဲ့ ဓာတုပစ္စည်းတွေ ထည့်ထားတဲ့ အသားတန်ချိန် ၂ သောင်းကျော်ကိုလည်း သိမ်းဆည်းခဲ့ပါတယ်။ တရုတ်နိုင်ငံသားတွေကတော့ သူတို့ရဲ့ဒေါသတွေကို ဝေဘို (Weibo) လို တရုတ် အင်တာနက်လူမှု ကွန်ယက်ပေါ်ကနေတဆင့် ထုတ်ဖော် ပြောဆိုနေကြပါတယ်။
XS
SM
MD
LG