သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မီဒီယာတင်းကျပ်တဲ့ တရုတ်သမ္မတရဲ့ ခြေလှမ်း


အင်တာနက်အွန်လိုင်းပေါ်တင်တဲ့ အကြောင်း အရာတွေ အပေါ် တင်းကျပ်တဲ့ဥပဒေသစ်တခု တရုတ်နိုင်ငံမှာ ပြဌာန်းလိုက်ပါတယ်။
အင်တာနက်အွန်လိုင်းပေါ်တင်တဲ့ အကြောင်း အရာတွေ အပေါ် တင်းကျပ်တဲ့ဥပဒေသစ်တခု တရုတ်နိုင်ငံမှာ ပြဌာန်းလိုက်ပါတယ်။

တရုတ်နိုင်ငံမှာ အင်တာနက်အွန်လိုင်းပေါ်တင်တဲ့ အကြောင်းအရာတွေအပေါ် တင်းကျပ်တဲ့ဥပဒေသစ်တခု ပြဌာန်းလိုက်တာနဲ့ နိုင်ငံပိုင်းသတင်းဌာန ရုံးချုပ်တွေကို သမ္မတသွားကြည့်တာတွေဟာ လူ့အဖွဲ့အစည်းအပေါ် ထိန်းချုပ်တာတွေပိုလုပ်ဖို့ သမ္မတ ရှီကျင့်ဖျင်ရဲ့ ကြိုးပမ်းချက် အရိပ်လက္ခဏာတွေဖြစ်တယ် လို့ လေ့လာသူတွေ ကပြောပါတယ်။

ဒါပေမဲ့ အဲဒါကိုကပဲ တင်းတင်းကျပ်ကျပ်လုပ်တာရဲ့ အကန့်အသတ်တွေကို လည်း ပြနေတယ် လို့ ဆိုပါတယ်။

ပညာရပ်ပိုင်းဆိုင်ရာတွေကနေ ယဉ်ကျေးမှု၊ နည်းပညာနဲ့ သိပ္ပံပညာ နယ်ပယ်တွေအထိ တရုတ်ကွန်မြူနစ်ပါတီဟာ ဘယ်တုန်းက နဲ့မှမတူအောင် ကြီးမားတဲ့ လွှမ်းမိုးမှုလုပ်ဖို့ ကြိုးစားနေတာပါ။

လွန်ခဲ့တဲ့သုံးနှစ်နီးပါးမှာ အာဏာရလာကတည်းက သမ္မတရှီဟာ တရုတ် လူ့အဖွဲ့အစည်း အပေါ် ထိန်းချုပ်တာတွေကို ပိုတိုးပြီး လုပ် လာနေပါတယ်။ သဘောထားကွဲလွဲသူတွေကို နှိမ်နင်းဖြိုခွဲပြီး တရုတ်ကွန်မြူနစ်ပါတီရဲ့အမြင်မှာ တည်ငြိမ်မှုကို ခြိမ်းခြောက်တယ် လို့ ယူဆသူ ဘယ်သူ့ကိုမဆို ထိန်းသိမ်းတာတွေ ပိုလုပ်လာတာပါ။ ဂီတနဲ့ အနုပညာတွေဟာ တရုတ် ဆိုရှယ်လစ်တန်ဖိုးတွေကို ထင်ဟပ်တာမျိုး သမ္မတရှီက ဖြစ်ချင်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကဆိုရင် ပါတီဝင်တွေ အနေနဲ့ ဂေါက်သီးရိုက်အားကစား မလုပ်ဖို့၊ သီးခြား တွေ့ဆုံတာမျိုး မလုပ်ဖို့နဲ့ ပါတီကို မဝေဖန်ဖို့ ကွန်မြူနစ်ပါတီက အမိန့်ထုတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်နှောင်းပိုင်းမှာ သမ္မတရှီနဲ့ တခြားတာဝန်ရှိသူတွေ ပါတီက ကျောထောက်နောက်ခံပေးထားတဲ့ သတင်းဌာန တွေကို သွားကြည့်ချိန် အတွင်း အယ်ဒီတာတွေ၊ သတင်းထောက်တွေအနေနဲ့ ပါတီအပေါ် လုံး၀ သစ္စာခံကြဖို့၊ အတွေးအခေါ်၊ နိုင်ငံရေးနဲ့ လုပ်ရပ်တွေမှာ ပါတီရဲ့ခေါင်းဆောင်တွေကို အနီးကပ်စောင့်ကြည့်လိုက်နာကြဖို့ အမှာစကားပြောခဲ့ပါတယ်။

XS
SM
MD
LG