သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်ဘက်က လက်နက်ကျည် မကျဖို့ တရုတ် ထပ်မံသတိပေး


တရုတ်-မြန်မာနယ်စပ် ။
တရုတ်-မြန်မာနယ်စပ် ။

မြန်မာတရုတ်နယ်စပ်မှာ မြန်မာစစ်တပ်နဲ့ ကိုးကန့်လက်နှက်ကိုင်တပ်တွေ တိုက်ပွဲတွေဖြစ်နေကြတာမှာ တရုတ်နိုင်ငံထဲ လက်နက်ကြီးကျည်တွေ တရုတ်နိုင်ငံဘက် ကျ မလာစေဖို့တရုတ်အစိုးရက မြန်မာအစိုးရကို ဒီကနေ့ ထပ်ပြီး သတိပေးသွားပါတယ်။ ကိုးကန့်နဲ့ဖြစ်နေတဲ့ နယ်စပ်တိုကိပွဲကနေ တရုတ်နိုင်ငံဖက်ကို လက်နှက်ကြီး ကျည်ဆံတွေ ထပ်ပြီးကျလာခဲ့ပြီးနောက် အခုလို တရုတ်တို့ ထပ်ပြီးသတိပေးသွားတာပါ။

သိပ်မကြာခင်တုန်းကပဲ မြန်မာဘက်က လက်နှက်ကြီး ကျည်တွေ ကျလာခဲ့တယ်၊ နေအိမ် အဆောက်အဦးတွေ ထိခိုက်မှုရှိခဲ့ပေမယ့် ကံကောင်းထောက်မစွာပဲ လူအသေအပျောက်မရှိခဲ့ဘူးလို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Hong Lei က နေ့စဉ်ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ရက်အတိအကျမဖော်ပြပဲ ဒီကနေ့ပဲ ပြောသွားခဲ့ပါတယ်။

ဒီရက်ပိုင်းအတွင်းမှာပဲ ကိုးကန့်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး၊ နှစ်ဖက် အထိအခိုက် အကျအဆုံးလည်းများနေပါတယ်။ နယ်စပ်အခြေအနေ ပုံမှန်ပြန်ဖြစ်ဖို့ ဒီကိစ္စနဲ့ ပတ်သတ်နေကြသူတွေအားလုံး အခြေအနေကို အမြန်ဆုံး ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ကြဖို့ တရုတ်ဘက်က မျှော်လင့်ပါတယ်လို့ Mr. Hongကပဲ ပြောသွားတာပါ။

တရုတ်သမ္မတ Xi Jinping ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနဲ့ မနေ့က တွေ့ဆုံစဉ်မှာတော့ တရုတ်မြန်မာနယ်စပ်မှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးရှိအောင်လုပ်ဆောင်ဖို့ တရုတ်သမ္မတက ထပ်ပြီးတောင်းဆိုသွားတာပါ။ ကိုးကန့်သူပုန်တွေဟာ တရုတ်နယ်စပ်မျဉ်းနဲ့ ကိုက် ၅၀၀ လောက် အကွာနီးနီးမှာကို ကတုတ်ကျဉ်းတွေထဲမှာ နေရာယူထားကြတယ်လို့ မြန်မာ ပြန်ကြားရေးဝန်ကြီးဌာက တင်္နလာနေ့ကပဲ ပြောသွားတာပါ။

အရင်လက တရုတ်နိုင်ငံအနောက်တောင်ပိုင်း Yunnan ပြည်နယ်ထဲကို ကိုးကန့်တိုက်ပွဲကနေ လက်နှက်ကြီး ကျည်ကျလာခဲ့ပြီး တရုတ်နိုင်ငံသား ၅ ဦးသေဆုံးခဲ့ရလို့ တရုတ်အစိုးရ အမျက်ဒေါသထွက်ခဲ့ရပါတယ်။

XS
SM
MD
LG