သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်တိုက်ပွဲ အပစ်ရပ်ဖို့ တရုတ်တိုက်တွန်း


တရုတ်-မြန်မာနယ်စပ် မြင်ကွင်း။
တရုတ်-မြန်မာနယ်စပ် မြင်ကွင်း။
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေရပ်ကြဖို့အတွက် တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ကြာသပတေးက တောင်းဆိုလိုက်ပါတယ်၊ နယ်စပ်တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံထဲ မော်တာကျည်အချို့ ကျရောက်ခဲ့တဲ့အပေါ်မှာလည်း တရုတ်က ပြီးခဲ့တဲ့ သတင်းပတ်တွေက ကန့်ကွက်ခဲ့ပါတယ်။ ကချင်အရေး တရုတ်ဖက်က တုန့်ပြန်ချက်ကိုတော့ ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

ကချင်ပြည်နယ် တရုတ်မြန်မာနယ်စပ်နားမှာ မြန်မာအစိုးရတပ်တွေနဲ့ KIA ကချင် လက်နက်ကိုင်တပ်ဖွဲ့တွေ တိုက်ပွဲတွေ ဖြစ်ပွားနေတာမှာ နယ်စပ်ကနေ မီတာ ၅၀၀ လောက်အကွာ တရုတ်နိုင်ငံဖက်ကို အင်္ဂါနေ့က ဗုံးတလုံးကျခဲ့တယ်လို့ နေ့စဉ်သတင်းစာရှင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Hong Lee က ပြောကြားခဲ့တာဖြစ်ပါတယ်၊

ဒီကိစ္စနဲ့ ပါတ်သက်လို့ တရုတ်နိုင်ငံဖက်က အလွန်အမင်း စိုးရိမ်မှုနဲ့ မကျေနပ်မှုကို အသိပေးဖို့အတွက် အရေးပေါ် တင်ပြထားပါတယ်၊ နောက်ထပ် အလားတူ အဖြစ် မဖြစ်ရအောင် မြန်မာဖက်က အသေးစိတ် စုံစမ်းစစ်ဆေးပြီး လိုအပ်တဲ့ ဆောင်ရွက်မှုတွေကို လုပ်ဖို့ တရုတ်ဖက်က တောင်းဆိုပါတယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောသွားတာဖြစ်ပါတယ်၊ အခုလို တရုတ်နိင်ငံထဲက မြန်မာဖက်က လက်နက်ကြီးတွေ ကျရောက်တာဟာ ၄ ခု မြောက်ဖြစ်ပါတယ်၊ 2012 ခုနှစ် ဒီဇင်ဘာလ 30 ရက်နေ့ကလဲ ဗုံး ၃ လုံး ကျခဲ့တာဖြစ်ပါတယ်၊ တိုက်ခိုက်မှုတွေ လုပ်နေကြတဲ့ ၂ ဖက်လုံးအနေနဲ့ အခြေအနေကို အစွန်းဆုံ ထိန်းသိမ်းကြဖို့၊ ပဋိပက္ခတွေကို ဆွေးနွေးအဖြေရှာကြဖို့နဲ့ တရုတ် မြန်မာနယ်စပ်ဒေသကို တည်ငြိမ်နေအောင်လုပ်ဖို့အတွက်ကိုလဲ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက တိုက်တွန်းပါတယ်၊

မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ဖြစ်နေတဲ့ အခြေအနေတွေကို တရုတ်က ဟိုးအရင်ထဲက အနီးကပ် စောင့်ကြည့်နေတာပါ၊ တရုတ်ရဲ့ လွှမ်းမိုးမှုလဲ နယ်စပ်ဒေသမှာရှိပါတယ်လို့ ပြောသွားတာဖြစ်ပါတယ်၊ မြန်မာနိုင်ငံနဲ့ ထိဆက်နေတဲ့ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ကို တိုက်ခိုက်မှုတွေကြောင့် ထိခိုက်မှုတွေ မရှိရအောင် ပြည်နယ် တာဝန်ရှိသူတွေ ထိရောက်တဲ့ ဆောင်ရွက်မှုတွေကို လုပ်ထားတယ်ဆိုတာကိုလဲ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Hong Lee က ကြာသပတေးနေ့က သတင်းစာရှင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။
XS
SM
MD
LG