သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ခေါင်းဆောင်သစ် ရာထူး Xi Jinping ကို ပေးအပ်


New Communist Party General Secretary Xi Jinping
New Communist Party General Secretary Xi Jinping
ဗဟိုစစ်ကော်မရှင်ရဲ့ ဥက္ကဌလည်းဖြစ်၊ တရုတ်ကွန်မြူနစ်ပါတီရဲ့ အထွေအထွေအတွင်းရေးမှူးအဖြစ် တရုတ်ခေါင်းဆောင်သစ် နေရာရာထူးကို Xi Jinping ကို ပေးအပ်လိုက်ပါပြီ။ ဒုသမ္မတ မစ္စတာ Xi ဟာ ရာထူးကနေ အနားယူတော့မယ့် သမ္မတ Hu Jintao ပြီးရင် ပါတီရဲ့ခေါင်းဆောင် ရာထူးကို ဆက်ခံမဲ့သူဖြစ်တယ်ဆိုတာကိုတော့ အချိန်အတော်ကြာကြာ ကတည်းက မျှော်လင့်ထားပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကတော့ ဘေဂျင်းမြို့တော်ရဲ့ ပြည်သူ့ ခန်းမထက်က ကော်ဇော်နီပေါ်မှာ မစ္စတာ Xi ဟာ တရုတ်ခေါင်းဆောင်သစ် ခြောက်ယောက်နဲ့အတူ လျောက်လှမ်းခဲ့ပါတယ်။

လာမယ့်မတ်လမှာ သမ္မတရာထူးကို လက်ခံယူမှာဖြစ်တဲ့ မစ္စတာ Xi ဟာ နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ တိုင်းပြည်ကိုပြောတဲ့မိန့်ခွန်းမှာတော့ တရုတ်ခေါင်းဆောင်သစ်အနေနဲ့ အလွန်ကြီးမားတဲ့ တာဝန်ယူမှုတွေနဲ့ရင်ဆိုင်ရမှာဖြစ်ပေမယ့် ၁.၃ ဘီလျံသော တရုတ်ပြည်သူလူထုအတွက် ကောင်းမွန်တဲ့ လူနေမှုဘဝတွေအတွက် တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ မိန့်ခွန်းပြောခဲ့ပါတယ်။

တော်လှန်ရေးခေါင်းဆောင်တဦးရဲ့သားဖြစ်သူ အသက်၅၉နှစ်အရွယ် ခေါင်းဆောင်သစ်ဟာ စိးပွားရေးဖွံ့ဖြိုးမှုနှေးကွေးနေတာတွေ နောက် ပြည်သူတွေ အမျက်ထွက်နေတဲ့ အစိုးရပိုင်းက အကျင့်ပျက်လာဘ်စားမှုတွေစတဲ့ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတဲ့ ကမ္ဘာ့ဒုတိယအကြီးမားဆုံး စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်ရာ တရုတ်နိုင်ငံကို ဦးဆောင်မှုပေးရတော့မှာဖြစ်ပါတယ်။
XS
SM
MD
LG