သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တအိမ်ထောင် ကလေးတစ်ယောက်စံနစ် တရုတ်ပြင်သင့်ပြီ


တရုတ်နိုင်ငံက လူကြိုက်နည်းလှတဲ့ တအိမ်ထောင် ကလေးတယောက်နှုန်း ပေါ်လစီကို ပယ်ဖျက်ပြီး ၂၀၁၅ ခုနှစ်မှာ တအိမ်ထောင် ကလေး ၂ ယောက်နှုန်း မွေးခွင့်ပြုဖို့ တရုတ်နိုင်ငံက သြဇာရှိတဲ့ သုတေသနအဖွဲ့က ပြောကြားလိုက်ပါတယ်။

တရုတ်အစိုးရနဲ့ နီးနီးကပ်ကပ် ထိတွေ့ ဆက်ဆံနေတဲ့ တရုတ်ဖွံ့ဖြိုးတိုးတက်ရေး သုတေသနအဖွဲ့က အဲဒီလို အကြံပြု တင်ပြလိုက်ထားတဲ့စာကို ရရှိခဲ့တယ်လို့ အစိုးရပိုင် ဆင်ဟွာသတင်းဌာနမှာ ကိုးကား ဖော်ပြထားတာပါ။

ဒီ တအိမ်ထောင် ကလေးတယောက်နှုန်း ပေါ်လစီ ချမှတ်ထားတာကြောင့် တရုတ်နိုင်ငံအတွက် ကြီးမားတဲ့ နိုင်ငံရေးနဲ့ လူမှုရေးအရ ဆုံးရှုံး နစ်နာမှုတွေ ဖြစ်ပေါ်စေတယ်လို့ အဲဒီ အစီရင်ခံစာ မှာ ဖော်ပြထားတဲ့အကြောင်း ဆင်ဟွာသတင်းမှာ ကိုးကား ဖော်ပြထားပါတယ်။ ဒီပေါ်လစီက လူမှုရေးဆိုင်ရာ ပဋိပက္ခတွေဖြစ်ပေါ်စေတဲ့အပြင် အုပ်ချုပ်ရေးပိုင်းမှာလည်း အကုန်အကျတွေ များစေတယ်လို့ ဖော်ပြထားပြီး ကလေးငယ် မွေးဖွားမှုနှုန်းကလည်း ရေရှည်မှာ ကျားမ မညီမျှမှု ကို ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။

ကလေးမွေးဖွားတဲ့ အရေအတွက် ကန့်သတ်မှုတွေအားလုံး ၂၀၂၀ ခုနှစ်မှာ အားလုံး ပယ်ဖျက်ပေးဖို့ အတွက်လည်း အဲဒီ အစီရင်ခံစာထဲမှာ တင်ပြထားတယ်လို့ ဆင်ဟွာ သတင်းမှာ ဖော်ပြထားပါတယ်။

တအိမ်ထောင် ကလေးတယောက်နှုန်းပဲ မွေးဖွားခွင့်ရှိတယ်ဆိုတဲ့ ပေါ်လစီ ချမှတ်ထားတဲ့အပေါ် တရုတ်အစိုးရ အရာရှိတွေက ခုခံ ပြောကြားလိုက်ပြီး ဒီပေါ်လစီက ကလေးငယ်သန်းပေါင်း များစွာ မွေးဖွားမှုကို ဟန့်တားနိုင်ခဲ့သလို သန်းနဲ့ချီတဲ့ မိသားစုတွေကိုလည်း ဆင်းရဲတွင်းက ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
XS
SM
MD
LG