သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်ရေနက်ဆိပ်ကမ်း တရုတ်ကို လွှဲပေး


17일 태풍 '람마순'이 필리핀 마닐라 남부 지역을 휩쓸고 간 자리에 고목 쓰러져 있다.
17일 태풍 '람마순'이 필리핀 마닐라 남부 지역을 휩쓸고 간 자리에 고목 쓰러져 있다.
ပါကစ္စတန်နိုင်ငံက မဟာဗျူဟာကျတဲ့ ရေနက်ဆိပ်ကမ်းတခုကို တရုတ်က အပိုင် ထိန်းချုပ်လိုက် ပါပြီ။

အာရေဗျပင်လယ်မှာ ရေတပ်စခန်းတခု တည်ဆောက်နိုင်တဲ့ အလားအလာ ပိုများလာသလို စွမ်းအင် ဖူလုံရေးနဲ့ ရေကြောင်းဆိုင်ရာ ထိန်းချုပ်မှုတွေ ပိုပြီး ရရှိဖို့ အခွင့်အလမ်း ရရှိလိုက်တာ လည်း ဖြစ်ပါတယ်။

တနင်္လာနေ့က အစ္စလာမ်မာဘတ်မြို့မှာ ပြုလုပ်တဲ့ အခမ်းအနားအတွင်း Gwadar ရေနက် ဆိပ်ကမ်းကို လာရောက် ကြည့်ရှုခဲ့တဲ့ တရုတ်အစိုးရ အရာရှိတွေကို ပါကစ္စတန်အစိုးရက ဒီဆိပ်ကမ်း လုပ်ငန်းတွေ အားလုံးကို တရားဝင် လွှဲပြောင်း ပေးအပ်လိုက်တာ ဖြစ်ပါတယ်။

အခုလို လွှဲပြောင်းမှုက ပါကစ္စတန်နဲ့ တရုတ် နှစ်နိုင်ငံစလုံးအတွက် အခွင့်အလမ်းသစ်တွေနဲ့ ခေတ် သစ်တခုကို စတင်လိုက်တဲ့ အထိမ်းအမှတ် ဖြစ်တယ်လို့ ပါကစ္စတန်သမ္မတ အဇစ် အလီ ဇာဒါရီ (Asif Ali Zardari) က ပြောပါတယ်။

လွန်ခဲ့တဲ့နှစ် အတော်များများက Gwadar စီးပွားရေး ဆိပ်ကမ်း တည်ဆောက်မှုနဲ့ ငွေကြေးဆိုင်ရာ ကိစ္စတွေကို တရုတ်နိုင်ငံက ကူညီပေးခဲ့တာ ဖြစ်ပြီးတော့ အဲဒီအချိန်က ဒီဆိပ်ကမ်းကို Singapore Port Authority က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

အခုကတော့ တရုတ်အစိုးရပိုင် China Overseas Ports Holding Company က ဒီဆိပ်ကမ်းက လုပ်ငန်းတွေကို ထိန်းချုပ်သွားတော့မှာ ဖြစ်ပါတယ်။ Gwadar ဆိပ်ကမ်းဟာ အာရေဗျ ပင်လယ် မြောက်ဘက်ဆုံးမှာ တည်ရှိပြီး၊ အနောက်နိုင်ငံတွေကနေ ပါရှန်ပင်လယ်ကွေ့ အထိ ရေကြောင်း သွားလာမှုတွေမှာ အဓိကကျတဲ့ ဆိပ်ကမ်းလည်း ဖြစ်ပါတယ်။

ဒီဆိပ်ကမ်းကြောင့် တရုတ်ရဲ့ အရှေ့တောင်ပိုင်း ဆိပ်ကမ်းတွေကို အသုံးပြုရတော့မယ့်အစား အခုအခါ ကုန်ပစ္စည်းတွေကို လမ်းကြောင်းတိုတိုနဲ့ တရုတ်နိုင်ငံ အနောက်ပိုင်းအရောက် တင်ပို့
နိုင် တော့မှာ ဖြစ်ပါတယ်။
XS
SM
MD
LG