သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် ကုန်သွယ်ရေး ပြဿ နာ ကမ္ဘာ့ဈေးကွက်ကို ရိုက်ခတ်


တရုတ် စတော့ခ် ဈေးကွက်။
တရုတ် စတော့ခ် ဈေးကွက်။

တရုတ်နိုင်ငံမှာ အစုရှယ်ယာဈေးတွေ ထိုးကျလို့ အရောင်းအဝယ်တွေ နောက်တကြိမ် ရပ်ဆိုင်းခဲ့ပြီးနောက် - အမေရိကန်နဲ့ ဥရောပ အစုရှယ်ယာ ဈေးကွက်တွေလည်း အလားတူ ကြာသပတေးနေ့က သိသိသာသာ ကျဆင်းခဲ့ပါတယ်။

နယူးယောက် စတော့ခ်ဈေးကွက်ပိတ်ချိန်မှာတော့ Dow နဲ့ S&P အစုရှယ်ယာ အညွှန်းကိန်းတွေဟာ ၂.၃ ရာခိုင်နှုန်းနဲ့ ဒီထက်မက ကျဆင်းခဲ့သလို၊ NASDAQ ရှယ်ယာတွေဟာလည်း ၃ ရာခိုင်နှုန်းလောက်အထိ ကျဆင်းခဲ့တာပါ။ ဥရောပမှာလည်း ပြင်သစ် CAC အညွှန်းကိန်းဟာလည်း ၁.၇ ရာခိုင်နှုန်း ကျဆင်းခဲ့သလို၊ လန်ဒန် FTSE အညွှန်းကိန်းဟာလည်း ၂.၇ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။

ကြာသပတေးနေ့အစောပိုင်းကတော့ တရုတ်နိုင်ငံရဲ့ အဓိက စတော့ ရှယ်ယာဈေးကွက်တခုဖြစ်တဲ့ ရှန်ဟိုင်းစုပေါင်းအညွှန်းကိန်းဟာလည်း ၇ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့တာမို့ - ဈေးဖွင့်ပြီး ၁၄ မိနစ်အကြာမှာပဲ အရောင်းအဝယ်တွေ ရပ်ပစ်လိုက်ရပါတယ်။ ရှန်ဇန်းစုပေါင်းအညွှန်းကိန်းကတော့ မတရားကို ထိုးကျခဲ့တာပါ။

“Circuit Breaker” လို့ခေါ်တဲ့ အရောင်းအဝယ်တွေ ရပ်ဆိုင်းမှု ကိုတော့ ဈေးကွက်တွေ ပြန်ငြိမ်ဖို့ ရည်ရွယ်ဆောင်ရွက်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုတွေ ရှိခဲ့တာကြောင့် တရုတ် တာဝန်ရှိသူတွေကတော့ - ဒီစည်းမျဉ်းကို ဆိုင်းငံ့ လိုက်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဒါဟာ တရုတ်နိုင်ငံရဲ့ အစုရှယ်ယာဈေးကွက်တွေမှာ ဒီသီတင်းပတ်ထဲ ဒုတိယအကြိမ် အရောင်းအဝယ်တွေ ရပ်ဆိုင်းခဲ့ရတာဖြစ်ပြီး၊ တရုတ်နိုင်ငံရဲ့ ဈေးကွက် ကသောင်းကနင်းဖြစ်မှုက တခြားအာရှဈေးကွက်တွေကိုပါ ရိုက်ခတ်သွားခဲ့ရတာပါ။ ဂျပန် Nikkei 225 အညွှန်းကိန်းက ၁.၈ ရာခိုင်နှုန်း၊ တောင်ကိုရီးယားရဲ့ Kospi အညွှန်းကိန်းက ၁ ရာခိုင်နှုန်း၊ ဟောင်ကောင် Hang Seng အညွှန်းကိန်းမှာ ၂.၆ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့ကြပါတယ်။

XS
SM
MD
LG