သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၇၁ နှစ်အရွယ် တရုတ်သတင်းသမား အာဏာပိုင်တွေ ပြန်လွှတ်


Gao You လွတ်မြောက်ရေးဆန္ဒပြ။
Gao You လွတ်မြောက်ရေးဆန္ဒပြ။

နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ ထောင်ချထားတဲ့ အသက် ၇၁ နှစ်အရွယ် တရုတ် စာနယ်ဇင်းသမားတဦးကို ဆေးကုသဖို့ဆိုပြီး တရုတ် အာဏာပိုင်တွေ က ပြန်လွှတ်ပေးလိုက်ပါတယ်။ သတင်းစာဆရာမ Gao Yu ရဲ့ ထောင်ဒဏ်ကို ခုနစ်နှစ်ကနေ ငါးနှစ်အထိ တရားရုံးတခုက ဒီကနေ့ လျှော့ချ လိုက်ပြီး နာရီပိုင်း အတွင်းမှာပဲ သူ့ကို ပြန်လွှတ်ပေးလိုက်တဲ့ အကြောင်း နိုင်ငံပိုင် သတင်းဌာနကနေ ကြေညာတာပါ။

Gao ဟာ နှလုံးရောဂါခံစားနေရတာမို့ ဆေးကုသမှုခံယူဖို့ ပြန်လွှတ်ပေးရေး ဆက်ကြိုးစားသွားမယ်လို့ တရားရုံး ဆုံးဖြတ်ချက် ထွက်ပြီးတဲ့နောက် သူ့ရဲ့ရှေ့နေတွေက ပြောခဲ့ပါသေးတယ်။

၁၉၈၉ ခုနှစ်မှာ Tiananmen ရင်ပြင် ဆန္ဒပြပွဲကို အစိုးရက နှိမ်နင်းဖြိုခွဲလိုက်ပြီးတဲ့ အချိန်တုန်းကလည်း နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုဆိုတဲ့ စွဲချက်နဲ့ပဲ Gao ကို ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့ဖူးပါတယ်။

အထောက်အထား အမှတ် ၉ လို့သိကြတဲ့ အစိုးရ စာရွက်စာတမ်းတခု သတင်းမီဒီယာကို ပေးခဲ့တယ်လို့ စွပ်စွဲပြီး ဒီနှစ်အစောပိုင်း က သူ့ကို ထပ်ပြီး ထောင်ချထားတာပါ။ အဲဒီစာရွက်စာတမ်းကို သူက ပေါက်ကြားစေခဲ့တာ မဟုတ်ဘူးဆိုတဲ့ အထောက်အထား တရားရုံးကို တင်ပြခဲ့တယ် လို့ ရှေ့နေတွေကပြောပါတယ်။

သူ့ကိုထောင်ချတာဟာ နိုင်ငံရေးပယောဂမကင်းတဲ့ လုပ်ရပ်ဖြစ်တယ် ဆိုပြီး ပြည်ပအစိုးရတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ပြစ်တင် ရှုတ်ချပါတယ်။

နိုင်ငံပေါင်း ၁၃ နိုင်ငံက အမျိုးသမီး နိုင်ငံရေးအကျဉ်းသူ အယောက် ၂၀ ရဲ့ဖြစ်ရပ်တွေ ကို အထူးဖော်ထုတ်ပြီး သူတို့လွတ်မြောက် ရေးလှုပ်ရှားတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ Free the 20 ဆိုရှယ်မီဒီယာ စည်းရုံးလှုံ့ဆော်မှုမှာ Gao Yu လည်း ပါဝင်ပါတယ်။

XS
SM
MD
LG