သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၁၅ ရက်ကြာ အာကာသခရီးစဉ် တရုတ်စတင်


တရုတ်နိုင်ငံက အာကာသစခန်းတခု တည်ဆောက်ဖို့ ကြိုးပမ်းမှုရဲ့ တစိတ်တပိုင်းအနေနဲ့ လူလိုက်ပါတဲ့ အာကာသယာဉ် ခရီးစဉ်တခုကို အင်္ဂါနေ့မှာ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။ အဲ့ဒီအာကာသယာဉ် ခရီးစဉ်ဟာ ၁၅ ရက် ကြာမြင့်မှာဖြစ်ပြီး တရုတ်နိုင်ငံက လွှတ်တင်ခဲ့ဖူးသမျှထဲမှာ အကြာမြင့်ဆုံး အာကာသ ခရီးလည်းဖြစ်ပါတယ်။

ရှန်ဇောင်း အမှတ် ၁၀ (Shenzhou-10) အာကာသယာဉ်ကို တရုတ်နိုင်ငံ ဂိုဘီ ကန္တာရအတွင်းမှာရှိတဲ့ ပစ်လွှတ်စင်ကနေ အင်္ဂါနေ့မှာ ပစ်လွှတ်လိုက်တာဖြစ်ပြီး၊ အဲ့ဒီလို ပစ်လွှတ်လိုက်တာကို သမ္မတ ရှီကျင့်ပင်နဲ့ ထိပ်တန်း တရုတ်အစိုးရ ခေါင်းဆောင်တွေက စောင့်ပြီး ကြည့်ရှုခဲ့ကြပါတယ်။

ရှန်ဇောင်းအမှတ် ၁၀ အာကာသယာဉ်မှာ လေသူရဲ ၃ ဦး လိုက်ပါသွားပြီး အဲဒီအထဲက တဦးက အမျိုးသမီး ဖြစ်ပါတယ်။ အခုလွှတ်တင်လိုက်တဲ့ အာကာသယာဉ်ခရီးဟာ ပြီးခဲ့တဲ့နှစ်က လွှတ်တင်ခဲ့ဘူးတဲ့ အလားတူ ခရီးစဉ်ထက် အာကာသထဲမှာ ၂ ရက် ပိုမို ကြာမြင့်မှာလည်း ဖြစ်ပါတယ်။

ရှန်ဇောင်း အမှတ် ၁၀ အာကာသယာဉ်ဟာ တီယန်ဂေါင်း အမှတ် (၁) Tiangong-1 လို့ အမည်ရှိတဲ့ ယာယီ အစမ်းလွှတ်တင်ထားတဲ့ အာကာသ ဓာတ်ခွဲခန်း စခန်းနဲ့ ချိတ်ဆက်ဖို့ စီစဉ်ထားပါတယ်။
အဲ့ဒီလို ချိတ်ဆက်မှု ပြုလုပ်တာနဲ့ အာကာသယာဉ်အတွင်း နေထိုင် စမ်းသပ်လုပ်ကိုင်ဖို့ ပြင်ဆင်ထားတာတွေဟာ ၂၀၂၀ ခုနှစ်ကျရင်ပြီးစီးမယ့် တရုတ်နိုင်ငံရဲ့ ကိုယ်ပိုင် အာကာသစခန်း တည်ဆောက်ရေးကိစ္စအတွက် အရေးကြီးတဲ့ ခြေလှမ်းတရပ် ဖြစ်တယ်လို့ ယူဆရပါတယ်။
XS
SM
MD
LG