သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်စတော့ဈေးကွက် ဆက်ထိုးကျ


တရုတ်နိုင်ငံ အစုရှယ်ယာဈေးကွက် ဆက်လက် မတည်မငြိမ် ဖြစ်နေတဲ့အတွက် တရုတ်အစိုးရအနေနဲ့ ရင်းနှီးမြှုပ်နှံသူတွေ အထိတ်တလန့် မဖြစ်ကြစေဖို့ သတိပေးရင်း ၃ ရက်ကြာ ကျဆင်းလာတဲ့ အစုရှယ်ယာဈေးကို ဆက်လက်မကျအောင် ထိန်းသိမ်းနိုင်ဖို့ အစီအစဉ်သစ်တွေ အပူတပြင်း လုပ်ဆောင်နေရပါတယ်။

တရုတ်အစုရှယ်ယာဈေး ကျဆင်းမှုဟာ အမေရိကန် ပြည်ထောင်စုအထိ ကူးစက်လာပြီး ဗုဒ္ဓဟူးနေ့လည် အရောင်းအဝယ်မှာ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ဒါပေမဲ့ ဥရောပဈေးကွက်မှာတော့ ဂရိကြွေးမြီကိစ္စ ပြေလည်နိုင်တယ်ဆိုတဲ့ နောက်ဆုံး မျှော်လင့်ချက်ကြောင့် အစုရှယ်ယာဈေး ခိုင်မာဆဲ ရှိနေခဲ့ပါတယ်။

အစုရှယ်ယာတွေ ဈေးလျှော့ ရောင်းချပစ်ရမယ့်အရေး ကာကွယ်တဲ့အနေနဲ့ ရာနဲ့ချီတဲ့ တရုတ်ကုမ္ပဏီတွေဟာ ဈေးကွက်ကို ရပ်ဆိုင်းထားဖို့ တောင်းဆိုခဲ့ကြပါတယ်။ ပြည်မဈေးကွက်ရဲ့ ၄၀ ရာခိုင်နှုန်းရှိတဲ့ ကုမ္ပဏီကြီး ၁၃၀၀ ကျော်က အရောင်းအဝယ်ကို ရပ်ဆိုင်းခဲ့ကြပါတယ်။ ဈေးကွက်မှာ ရုတ်တရက် စိုးရိမ်စိတ်နဲ့ မဆင်မခြင်ရောင်းချမှုတွေ များပြားလာတဲ့အတွက် အစုရှယ်ယာဈေး ကျဆင်းလာရတာ ဖြစ်တယ်လို့ တရုတ်အစုရှယ်ယာဈေး ထိန်းသိမ်းရေးအဖွဲ့က ဆိုပါတယ်။

XS
SM
MD
LG