တရုတ်နိုင်ငံက ရဲချုပ်ဟောင်းတဦးကို တရားရုံးကနေ ထောင်ဒဏ် ၁၅ နှစ် ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ နိုင်ငံရေးအရှုပ်တော်ပုံ တခု ပေါ်ပေါက်ခဲ့ပြီး ထိပ်တန်းနိုင်ငံရေးသများ Bo Xilai ရာထူးကနေ ဖယ်ရှားခံလိုက်ရပြီးတဲ့နောက် အဲဒီဖြစ်ရပ်တွေနဲ့ ဆက်စပ် နေတဲ့ ထိပ်တန်းရဲအရာရှိဟောင်းကို အခုလို ပြစ်ဒဏ်ချမှတ်လိုက်တာပါ။
ရဲချုပ်ဟောင်း Wang Lijun အပေါ် တခြားနိုင်ငံတခုမှာ ခိုလှုံမှု၊ အာဏာအလွဲသုံးစားလုပ်မှု၊ လာဘ်စားမှု၊ ကိုယ်ကျိုးအတွက် ဥပဒေကို အသုံးချမှုတွေအတွက် အပြစ်ရှိတယ်ဆိုပြီး စီရင်ခဲ့တယ်လို့ ဆင်ဟွာက ဖော်ပြပါတယ်။
Wang ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ချန်ဒူးမြို့က အမေရိကန် ကောင်စစ်ဝန်ရုံးထဲ ထွက်ပြေး ခိုလှုံခဲ့ပါတယ်။ Bo Xilai ရဲ့ ဇနီး ဖြစ်သူ Gu Kailai ဟာ စီးပွားရေးကိစ္စ အငြင်းပွားတာကြောင့် ဗြိတိသျှစီးပွားရေးသမားတဦးကို သတ်ပစ်ခဲ့တယ်လို့ ကောင်စစ်ဝန်ရုံးမှာ Wang က အမေရိကန်သံတမန်တွေကို ပြောခဲ့တာပါ။ Gu Kailai ကို မကြာသေးခင်ကပဲ ဆိုင်းငံ့သေဒဏ် အပြစ်ပေးထားပြီး Bo Xilai ကိုတော့ ရာထူးကနေ ဖယ်ရှားခဲ့ပါတယ်။
ပြင်ပသတင်းမီဒီယာတွေ ဝင်ခွင့်မပြုဘဲ တင်းတင်းကျပ်ကျပ်နဲ့ စီစဉ်ခဲ့တဲ့ နှစ်ရက်ကြာ တရားစစ်ဆေးမှုအတွင်းမှာ Wang က သူ့ အပေါ်စွဲချက်တွေကို မငြင်းခဲ့ဘူးလို့ ဆင်ဟွာက ပြောပါတယ်။