သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အငြင်းပွားဒေသ ရေနံမရှာဖို့ တရုတ်သတိပေး


တရုတ် ဗီယက်နမ် နှစ်နိုင်ငံ အငြင်းပွားနေတဲ့ ရေပိုင်နက်တွင် တရုတ်ငါးဖမ်းသင်္ဘောများကို တွေ့ရစဉ်။
တရုတ် ဗီယက်နမ် နှစ်နိုင်ငံ အငြင်းပွားနေတဲ့ ရေပိုင်နက်တွင် တရုတ်ငါးဖမ်းသင်္ဘောများကို တွေ့ရစဉ်။
တောင်တရုတ်ပင်လယ်ပြင်မှာ တဘက်သတ်ဆန်ဆန် ရေနံနဲ့သဘာဝဓာတ်ငွေ့ ရှာဖွေမှုကို ရပ်တန့်ဖို့ တရုတ်နိုင်ငံက ဗီယက်နမ်ကို သတိပေး လိုက်ပါတယ်။ ဒီဒေသအတွင်း တရုတ်-ဗီယက်နမ် နှစ်နိုင်ငံကြား ကာလရှည်ကြာ ရေပိုင်နက် အငြင်းပွားနေခဲ့ပြီး ပိုပြီးတင်းမာလာနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဗီယက်နမ်နိုင်ငံပိုင် ရေနံနဲ့သဘာဝဓာတ်ငွေ့ ကုမ္ပဏီရဲ့သင်္ဘောတွေထဲက တစင်းရဲ့ ဆက်သွယ်ရေးကြိုးတွေကို တရုတ်သင်္ဘောတွေက ဖြတ်တောက်ခဲ့တယ်လို့ ဗီယက်နမ်က စွပ်စွဲပြောဆိုခဲ့ပြီးတဲ့နောက် နိုင်ငံခြားရေးဌာန ပြောခွင့်ရ ဟွန်းလီက ကြာသာပတေးနေ့မှာ အခုလိုပြောလိုက်တာပါ။ အဲဒီလိုလုပ်ရပ်ဟာ ဗီယက်နမ်ရဲ့ အချုပ်အခြာ အာဏာကို ပြင်းပြင်းထန်ထန် ချိုးဖောက်လိုက်တာ ဖြစ်တယ်လို့ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောထားပါတယ်။
မစ္စတာဟွန်းလီက - ဗီယက်နမ်တွေရဲ့ စွပ်စွဲချက်တွေဟာ ကြောင်းကျိုးဆက်စပ်မှုမရှိဘူး လို့ ငြင်းဆိုလိုက်ပြီး - တရုတ်သင်္ဘောတွေဟာ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်အတွင်း ဟိုင်နန်ပြည်နယ်နားမှာ ငါးဖမ်းနေတာဟာ တရားဥပဒေနဲ့လုံးဝ ညီညွတ်တယ်လို့ ပြောခဲ့တာပါ။
ဒေသတွင်း ရေပိုင်နက်ပြဿနာကြောင့် အခြေအနေ တင်းမာမှု မြင့်မားလာနေတဲ့ -တရုတ်ရေပိုင်နက်လို့ သတ်မှတ်ထားတဲ့ ဧရိယာအတွင်းကို ဝင်လာတဲ့ -ဘယ် သဘောၤကိုမဆို ဖမ်းဆီးဖို့ အတွက် ဟိုင်နန်ပြည်နယ်ရဲ့ ရဲတပ်ဖွဲ့ကိုလည်း မကြာခင်ကပဲ လုပ်ပိုင်ခွင့်အာဏာတွေ တိုးပေးထားပါတယ်။
XS
SM
MD
LG