သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖရိကစိုးရိမ်ချက် တရုတ်သမ္မတသစ် ဖြေဖျောက်


တရုတ်သမ္မတ နဲ့ တန်ဇန်းနီးယား သမ္မတ တွေ့ဆုံစဉ် (၂၄ မတ် ၂၀၁၃)
တရုတ်သမ္မတ နဲ့ တန်ဇန်းနီးယား သမ္မတ တွေ့ဆုံစဉ် (၂၄ မတ် ၂၀၁၃)
တရုတ်နိုင်ငံဟာ အာဖရိကဒေသနိုင်ငံတွေနဲ့ တန်းတူညီမျှမှုပေါ် အခြေခံပြီး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ တရုတ် သမ္မတ ရှီ ဂျင်းပင် (Xi Jinpin) က ကတိပေး ပြောဆို လိုက်ပါတယ်။

အာဖရိကနိုင်ငံတွေမှာ တရုတ်နိုင်ငံရဲ့ သြဇာ အရှိန်အဝါ တစထက်တစ ပိုပြီး ကြီးမား လာတဲ့အတွက် အာဖရိကနိုင်ငံတွေရဲ့ စိုးရိမ်ပူပန် မှုတွေကို ပြေပျောက်စေဖို့ ရည်ရွယ်ချက်နဲ့ အခုလို ကတိပေး ပြောဆို လိုက်တာဖြစ်ပါတယ်။

အာဖရိကတိုက် တန်ဇန်းနီးယားနိုင်ငံရဲ့ စီးပွားရေး အချက်အခြာဖြစ်တဲ့ Dar es Salaam မှာ အာဖရိကန် ပြည်သူတွေကို တနင်္လာနေ့က ပြော ဆိုခဲ့တဲ့မိန့်ခွန်းမှာ အခုလို ပြောဆို သွားတာပါ။

တရုတ်နိုင်ငံဟာ နိုင်ငံအရွယ်အစားနဲ့ ဆောင်ရွက်နိုင်စွမ်းတွေနဲ့ မဆိုင်ဘဲ နိုင်ငံအားလုံးနဲ့ တန်းတူညီမျှမှုပေါ် အခြေခံဆက်ဆံ သွားမယ်လို့ သမ္မတ ရှီ ဂျင်းပင် (Xi Jinpin) က တိုက်တွန်း ပြောဆိုလိုက်တာလဲ ဖြစ်ပါတယ်။

အခုနှစ်အစောပိုင်းက သမ္မတ တာဝန်စထမ်းဆောင်ခဲ့တဲ့ သမ္မတ ရှီ ဂျင်းပင် (Xi Jinpin) ဟာ အာဖရိက ၃ နိုင်ငံခရီးစဉ် အစအဖြစ် တနင်္ဂနွေနေ့က တန်ဇန်းနီးယားနိုင်ငံကို ရောက်ရှိ လာတာဖြစ်ပါတယ်။ တရုတ်သမ္မတရဲ့ ပထမဆုံး ပြည်ပခရီးဖြစ်တဲ့ အာဖရိက နိုင်ငံတွေကို သွားတဲ့ခရီးစဉ်မှာ သမ္မတ ရှီ ဂျင်းပင် (Xi Jinpin) က အခုလို ပြောဆို လိုက်တာပါ။

တရုတ်သမ္မတဟာ ရုရှားနိုင်ငံ မော်စကိုမြို့မှာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် (Vladimir Putin) နဲ့ တွေ့ဆုံပြီးတဲ့နောက် တန်ဇန်းနီးယား သမ္မတ Jakaya Kikwete နဲ့ တွေ့ဆုံ ခဲ့ပါ တယ်။ တွေ့ဆုံဆွေးနွေးပွဲအပြီး ခေါင်းဆောင် ၂ ဦးဟာ နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ယဉ်ကျေးမှုနဲ့ ကုန်သွယ်ရေးဆိုင်ရာ စာချုပ်လက်မှတ်ထိုးပွဲတွေကို တက်ရောက်ခဲ့ကြ ပါတယ်။

တရုတ်သမ္မတရဲ့ အာဖရိကခရီး အဓိကရည်ရွယ်ချက်က အာဖရိကတိုက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ပိုကောင်းမွန်လာစေဖို့ ဖြစ်တယ်လို့ ပြောဆိုပါတယ်။ သမ္မတ ရှီ ဂျင်းပင် (Xi Jinpin) ဟာ တရုတ်နိုင်ငံ ခေါင်းဆောင်တဦးအနေနဲ့ ရုရှားနိုင်ငံကို ပထမဆုံး လာရောက်ခဲ့တဲ့ အတွက် ကျေးဇူးတင်ပါကြောင်းနဲ့ တရုတ်နဲ့ ရုရှား နှစ်နိုင်ငံဆက်ဆံရေး ဟာ ကမ္ဘာ့နိုင်ငံရေးမှာ အရေးပါတဲ့အချက်ဖြစ်ကြောင်း ရုရှားသမ္မတ ပူတင် က ပြောဆိုပါတယ်။
XS
SM
MD
LG