သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် ဆင်ဆာ ကန့်ကွက်သူ သုံးဦး ထောင်ဒဏ် ချမှတ်ခံရ


တရုတ်ဆင်ဆာ ဆန့်ကျင်ကန့်ကွက်လှုပ်ရှားမှု။
တရုတ်ဆင်ဆာ ဆန့်ကျင်ကန့်ကွက်လှုပ်ရှားမှု။

တရုတ် လူ့အခွင့်အရေး လှုပ်ရှားသူသုံးဦးကို တရုတ်အစိုးရ က ပြင်းထန် တဲ့ ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။ ၂၀၁၃ ခုနှစ်က ဆင်ဆာ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်တာကြောင့် အခုလို ထောင်ဒဏ်တွေ ချမှတ်တာပါ။ လူ့အခွင့်အရေးလှုပ်ရှားသူ Guo Feixiong ကို ထောင်ဒဏ် ခြောက်နှစ် ချမှတ်လိုက်တဲ့ အပေါ် အံ့အားသင့်ပြီး စိတ်ဆိုးဒေါသထွက်တယ်လို့ အဲဒီ လူ့အခွင့်အရေးလှုပ်ရှားသူ သုံးဦးရဲ့ ရှေ့နေ Zhang Lei က VOA ကိုပြောပါတယ်။

သောကြာနေ့ စီရင်ချက် မချခင်လေးမှာ တရားရုံးကနေ သူ့အမှုသည်ကို ရာဇဝတ်မှုတွေနဲ့ အမှုထပ်တိုး စွဲချက်တင်ခဲ့တယ်လို့လည်း Zhang က ပြောပါတယ်။ တရားရုံးကနေ ရာဇဝတ်မှုနဲ့ အခုလို တဖက်သတ် ပြစ်ဒဏ်ချလိုတာမျိုး ဘယ်တုန်းကမှ မကြားဖူးဘူးတဲ့အတွက် အံ့သြတုန်လှုပ်မိတယ်လို့ သူက ဒီကနေ့ ပြောပါတယ်။

အဲဒီဆန္ဒပြမှုအတွင်း ပါဝင်ခဲ့တဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ Liu Yuandong နဲ့ Sun Desheng တို့ကိုတော့ ထောင်ဒဏ် သုံးနှစ်နဲ့ ၂ နှစ်ခွဲစီ အသီးသီး စီရင်ချက်ချ ပါတယ်။ အဲဒီထောင်ဒဏ်တွေအတွက် အယူခံဝင် သွားမှာလည်း ဖြစ်ပါတယ်။

တရားရုံးမှာ ရဲတွေဟာ Guo ကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခဲ့တာကြောင့် လက်မောင်းမှာ ဒဏ်ရာရရှိသွားတဲ့အတွက် ရဲတွေကို ရှေ့နေ Zhang က အပြစ်တင်ခဲ့ပါတယ်။ အသက် ၄၈ နှစ်အရွယ် Guo ဟာ 2013 ခုနှစ်ကတည်းက အဖမ်းခံထားရတာကြောင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးဆိုးရွားနေပြီး စိုးရိမ်မိတယ်လို့လည်း သူကဆိုပါတယ်။

အဖမ်းဆီးခံတဦးဖြစ်တဲ့ Sung Desheng ကတော့ ထိန်းသိမ်းခံနေရတဲ့ ကာလ အတွင်း လက်ထိပ် ခြေ ထိပ် ခတ်ခံထားရတယ်လို့ Amnesty International လူ့အခွင့်အရေးအဖွဲ့ကြီးက ပြောပါတယ်။ အခုထောင်ဒဏ် အပြစ်ပေးခံရသူ အားလုံးအပေါ် စွဲဆိုထားတဲ့ အမှုတွေကို အစိုးရအနေနဲ့ ပြန်ရုပ်သိမ်းဖို့လည်း Human Rights လူ့အခွင့်အရေးအဖွဲ့ကြီးက တောင်းဆိုလိုက်ပါတယ်။

XS
SM
MD
LG