သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ဗဟိုဘဏ် ပြည်တွင်းသုံးငွေတန်ဖိုး ၂ % နီးပါးလျှော့ချ


တရုတ်နိုင်ငံရဲ့ ငွေကြေးတန်ဖိုးကို တရုတ်ဗဟိုဘဏ်က အင်္ဂါနေ့မှာ ၂ % နီးပါး လျှော့ချလိုက်ပါတယ်။ ဒါကြောင့် နိုင်ငံရဲ့ ပြည်ပပို့ကုန်တန်ဖိုး ဈေးကျသွားမှာဖြစ်သလို တရုတ်ကုန်ပစ္စည်းတွေ ဈေးကွက်မှာ ပိုမို ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ အခုလို ပြုလုပ်လိုက်တဲ့အတွက် တရုတ်နိုင်ငံက စားသုံးသူတွေအတွက် ပြည်ပကနေ တင်သွင်းမယ့် ကုန်ပစ္စည်းတွေကတော့ ဈေးတက်သွားပါလိမ့်မယ်။

ကမ္ဘာပေါ်မှာ ဒုတိယစီးပွားရေးအင်အား အကြီးမားဆုံးဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ပို့ကုန်ဈေးကွက် အခြေယိုင်သွားပြီး စတော့ရှယ်ယာ ဈေးကွက်လည်း ကမောက်ကမ ဖြစ်သွားခဲ့ပြီးတဲ့နောက် အခုလို ပြောင်းလဲ ဆောင်ရွက်ချက် လုပ်ဆောင်လိုက်တာပါ။

PNC ဘဏ်ရဲ့ စီးပွားရေးလေ့လာသုံးသပ်သူ Gus Fucher ကတော့ အခုလုပ်လိုက်တဲ့ ငွေကြေး လဲလှယ်တဲ့ မူဝါဒ ပြုပြင်ပြောင်းလဲလိုက်မှုကြောင့် တရုတ်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုကို အထောက်ကူ ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ ပြည်တွင်းသုံးငွေကြေးကို အစိုးရက တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားပြီး တရုတ်နိုင်ငံ ပြည်သူ့ဘဏ် PBOC က နေ့စဉ် သပ်မှတ်ထားထားတဲ့ နှုန်းထားထက် ၂ % အတိုးအလျှော့ လုပ်ခွင့်ရှိပါတယ်။

XS
SM
MD
LG