သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အတွင်း ကျဆုံးတရုတ်စစ်သည် ၃၄၇ လောင်း မြန်မာပြန်အပ်နှံမည်


ကျဆုံးတရုတ်စစ်သည် ၃၄၇ လောင်း မြန်မာပြန်အပ်နှံမည်
ကျဆုံးတရုတ်စစ်သည် ၃၄၇ လောင်း မြန်မာပြန်အပ်နှံမည်

ဒုတိယကမ္ဘာစစ် ကာလတွင်း မြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့ကြတဲ့ တရုတ်စစ်သား ၃၄၇ ယောက်ရဲ့ ကြွင်းကျန် ရုပ်အလောင်းတွေကို မနက်ဖြန် ကြာသပတေးနေ့မှာ တရုတ်နိုင်ငံကို ပြန်လည် အပ်နှံဖို့ရှိပါတယ်။

ဒီကနေ့မှာတော့ ဒီကြွင်းကျန် ရုပ်အလောင်းတချို့ကို တရုတ် အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ဆိပ်ကမ်းတခုကနေ တရုတ်နိုင်ငံထဲ ဦးတည်ပြီး ဘတ်စ်ကားတွေနဲ့ စတင်သယ်ဆောင်နေကြပြီ ဖြစ်ပါတယ်။ နိုင်ငံရပ်ခြားမှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့ကြတဲ့ တရုတ်စစ်သည်တွေရဲ့ ကြွင်းကျန် ရုပ်အလောင်းတွေကို တကြိမ်တည်းမှာ အရေအတွက် အများဆုံးနဲ့ ပြန်လည် ပို့ဆောင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီ ကြွင်းကျန် ရုပ်အလောင်းတွေကိုတော့ မြစ်ကြီးနားမြို့ မြောက်ဘက် ဆင်ခြေဖုံးတခုမှာ ရှာတွေ့ခဲ့တာပါ။

တရုတ် NGO အဖွဲ့တခုဖြစ်တဲ့ Shenzhen Longyue Charity ဖောင်ဒေးရှင်းက ဦးဆောင်ပြီး ပြီးခဲ့တဲ့ ဧပြီလထဲ ရှာဖွေမှုတွင်း ခုလို ပြန်လည် တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ၁၉၄၂ ခုနှစ်က တခြားသော မဟာမိတ်တွေနဲ့အတူ ဂျပန်ကို တိုက်ထုတ်ဖို့အတွက် တရုတ်စစ်သည် ၁ သိန်းကို မြန်မာနဲ့ အိန္ဒိယနိုင်ငံတွေကို စေလွှတ်ခဲ့တာပါ။ ဒီအထဲက တဝက်လောက်နီးပါးဟာ စစ်တွင်းမှာ ကျဆုံး ဒါမှမဟုတ် ဒဏ်ရာရတာတွေ ဖြစ်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကာလတွင်း တရုတ်စစ်သည်တွေ နိုင်ငံရပ်ခြားမှာ အများဆုံး ပါဝင် တိုက်ခိုက်ခဲ့တဲ့ အချိန်လည်းဖြစ်ပါတယ်။ အခုတော့ ဒီကျဆုံး စစ်သည်တွေကို တနေရာမှာတည်းမှာ မြှုပ်နှံပြီး ဂုဏ်ပြုခွင့် ရတော့မှာဖြစ်တယ်လို့ ကျဆုံး စစ်သည်တွေရဲ့ မိသားစုဝင်တချို့က ပြောဆိုကြပါတယ်။

XS
SM
MD
LG