သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Good Friday နေ့ ကမ္ဘာတဝှမ်း ကျင်းပ


ဖိလစ်ပိုင်နိုင်ငံရဲ့ မြောက်ပိုင်းမှာ ဘာသာတရားကိုင်းရှိုင်းသူ တချို့က ယေရှု ကားစင်တင်ခံရသလို လက်ဝါး ကပ်တိုင်တွေမှာ သံမှိုတွေနဲ့ အရိုက်ခံပြီး
ပြန်လည် အမှတ်ရပွဲ ကျင်းပ (ဧပြီ ၁၈၊ ၂၀၁၄)
ဖိလစ်ပိုင်နိုင်ငံရဲ့ မြောက်ပိုင်းမှာ ဘာသာတရားကိုင်းရှိုင်းသူ တချို့က ယေရှု ကားစင်တင်ခံရသလို လက်ဝါး ကပ်တိုင်တွေမှာ သံမှိုတွေနဲ့ အရိုက်ခံပြီး ပြန်လည် အမှတ်ရပွဲ ကျင်းပ (ဧပြီ ၁၈၊ ၂၀၁၄)
ယေရှုခရစ်တော် ကားစင်တင်ခံရတဲ့နေ့လို့ ယုံကြည်ကြတဲ့ Good Friday နေ့
အထိမ်းအမှတ် အဖြစ် ကမ္ဘာတဝန်းက ခရစ်ယာန် ဘာသာဝင်တွေ ဆုတောင်း ဝတ်ပြုပွဲတွေ ဒီကနေ့ လုပ်နေကြပါတယ်။ Jerusalem မြို့ဟောင်းမှာ Good Friday နေ့အဖြစ် ဝတ်ပြုပွဲတွေ၊ အောက်မေ့ပွဲတွေလုပ်ခဲ့တဲ့အပြင်၊ ခရစ်တော် ကားစင်တင်မခံရခင် သွားခဲ့ရတဲ့လမ်းကြောင်းလို့ ယုံကြည်ကြတဲ့ Jerusalem မြို့ လမ်းတလျှောက်ကိုလဲ ခရစ်ယာန်ဘာသာဝင်တွေ လမ်းလျှောက် သွားခဲ့ကြပါတယ်။

သစ်သားနဲ့လုပ်ထားတဲ့ လက်ဝါးကပ်တိုင်တွေကို ကိုင်ဆောင်လျှောက်
လှမ်းမှုဟာ ရှေးဟောင်း Holy Sepulcher ဘုရားကျောင်းမှာ အဆုံးသတ်ပါတယ်၊ Holy Sepulcher ဘုရားကျောင်းကို ယေရှု ကားစင်တင်ခံ ရတဲ့နေရာပေါ်မှာ
ဆောက်လုပ် ထားတာလို့ ယုံကြည်ကြပါတယ်။

အာရှမှာ Roman Catholic ဘာသာဝင်တွေ အများဆုံးရှိတဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ မြောက်ပိုင်းမှာလဲ ဘာသာတရားကိုင်းရှိုင်းသူ တချို့က ယေရှုကား စင်တင်ခံရသလို လက်ဝါး ကပ်တိုင်တွေ မှာ သံမှိုတွေနဲ့ အရိုက်ခံပြီး ပြန်လည်အမှတ်ရပွဲလုပ်ခဲ့ကြပါတယ်။

တနင်္ဂနွေနေ့ကျရင်တော့ ယေရှု ရှင်ပြန် ထမြောက်တယ်လို့ ယုံကြည်ကြတဲ့ Easter နေ့အဖြစ် ခရစ်ယာန်ဘာသာဝင်တွေ အထိမ်းအမှတ် ပွဲတွေ ဆင်နွဲကြမှာဖြစ်ပါတယ်။
XS
SM
MD
LG