သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ပုပ်ရဟန်းမင်းကြီး ဆုတောင်း


Bethlehem မှာ ရှိတဲ့ St. Peter Basilica ကျောင်းတော်မှာ ပုပ်ရဟန်းမင်းကြီးက ငြိမ်းချမ်းရေးကို ရှေးရှုကြဖို့ ဆုတောင်းပေးခဲ့ပါတယ်။
Bethlehem မှာ ရှိတဲ့ St. Peter Basilica ကျောင်းတော်မှာ ပုပ်ရဟန်းမင်းကြီးက ငြိမ်းချမ်းရေးကို ရှေးရှုကြဖို့ ဆုတောင်းပေးခဲ့ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ကျော်က ယေရှုခရစ် ဖွားမြင်တဲ့ အထိမ်းအမှတ်အဖြစ်နဲ့ ခရစ်စမတ်အခါသမယကို ကမ္ဘာတဝှမ်းက ဆင်နွှဲနေကြချိန်မှာပဲ ပုပ်ရဟန်းမင်းကြီးက ငြိမ်းချမ်းရေးကို ရှေးရှုကြဖို့ ဆုတောင်းပေးခဲ့ပါတယ်။

Bethlehem မှာ ရှိတဲ့ St. Peter Basilica ကျောင်းတော်မှာ တနင်္လာနေ့ နှောင်းပိုင်း ဟောကြားရာ မှာတော့ ဆီးရီးယား၊ လက်ဘနွမ်၊ အီရတ် အပါအဝင် အရှေ့အလယ်ပိုင်းဒေသမှာ သွေးထွက်သံယို ပဋိပက္ခတွေ အဆုံးသတ်စေရေး ရဟန်းမင်းကြီးက တိုက်တွန်းခဲ့တာပါ။ အစ္စရေးနဲ့ ပါလက်စတိုင်းတို့ကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ကိုလည်း တိုက်တွန်းသွားပါတယ်။

ခရစ်စမတ်ဘာသာဝင်တွေက ယေရှု့ခရစ်ဖွားမြင်ရာအဖြစ် ယုံကြည် ထားကြတဲ့ ဂျော်ဒန်မြစ် အနောက်ဖက်ကမ်းက Bethlehem မှာ ခရစ်စမတ်ပွဲ ဆင်နွှဲဖို့ ကမ္ဘာတဝှမ်းက ခရီးသွားပေါင်း ထောင်ချီပြီး ရောက်နေပါတယ်။ ဒီနှစ် ခရစ်စမတ်မှာတော့ ပြီးခဲ့တဲ့လကမှ အကဲခတ် အဖွဲ့ဝင်အဖြစ် ကုလသမဂ္ဂက အသိအမှတ်ပြု လက်ခံခဲ့တဲ့ အိမ်ရှင် ပါလက်စတိုင်း အတွက် အထူးသဖြင့် ပျော်ရွှင်စရာ အခါသမယလည်း ဖြစ်ပါတယ်။

ခရစ်စမတ်အကြိုအဖြစ် ကျင်းပတဲ့ အခမ်းအနား အတွင်းမှာတော့ ဒေသခံ ရိုမန် ကက်သလစ် ခရစ်ယာန်ဂိုဏ်းအုပ် Fouad Twal က ပါလက်စတိုင်းသားတွေရဲ့ စွမ်းဆောင်နိုင်မှုအပေါ် အားတက်စကား ပြောဆိုသွားခဲ့သလို၊ ဒေသတွင်းက အဆုံးမသတ်နိုင်ပဲ ဖြစ်နေရတဲ့ ပဋိပက္ခတွေ အဆုံးသတ်စေရေး အစ္စရေးလ်နဲ့အတူ လက်တွဲ ဆောင်ရွက်သွားဖို့လည်း တိုက်တွန်းခဲ့တာပါ။ ရာသီဥတု အေးမြနေပေမဲ့လည်း စိတ်အားထက်သန်နေကြတဲ့ ကမ္ဘာလှည့်ခရီးသွားတွေနဲ့ ခရစ်စမတ်ပွဲတော် အခန်းအနားတွေကတော့ ညနက်ပိုင်းအထိ ဆက်လက် ကျင်းပခဲ့ကြပါတယ်။
XS
SM
MD
LG