သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုလျှော့ချဖို့ ဝါဆောညီလာခံ သဘောတူ


ပိုလန်နိုင်ငံ၊ ဝါဆောမြို့မှာကျင်းပတဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံအပိတ်နေ့။
ပိုလန်နိုင်ငံ၊ ဝါဆောမြို့မှာကျင်းပတဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံအပိတ်နေ့။
ပိုလန်နိုင်ငံ၊ ဝါဆောမြို့မှာကျင်းပနေတဲ့ ရာသီဥတုပြောင်းလဲမှုပြဿနာဆိုင်ရာ ဆွေးနွေးပွဲမပြီးခင်မှာပဲ ကုလသမဂ္ဂစေ့စပ်ညှိနှိုင်းသူတွေက အခြေခံကျတဲ့ သဘောတူညီချက်ကို အတည်ပြုပေးနိုင်တဲ့အတွက် ဆွေးနွေးပွဲအစီအစဉ် ပျက်သွားမယ့် အခြေအနေကို ရှောင်ရှားနိုင်လိုက်ပါတယ်။

ကမ္ဘာကြီးပူနွေးလာမှုလျှော့ချရေး ၂၀၁၅ ခုနှစ် အစီအစဉ်အတွက် အခြေခံကျတဲ့ သဘောတူညီချက်တစ်ရပ်ကို အတည်ပြုပေးလိုက်တာလည်း ဖြစ်ပါတယ်။ ရက်သတ္တ နှစ်ပတ်ကြာအောင် အကြိတ်အနယ် ဆွေးနွေး ညှိနှိုင်းမှုတွေလုပ်ပြီးမှ ခုလို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ ချမ်းသာတဲ့နိုင်ငံတွေနဲ့ ဆင်းရဲတဲ့နိုင်ငံတွေကြားမှာ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချဖြတ်တောက်ရေးဆိုင်ရာ ပမာဏသတ်မှတ်ချက်အတွက် နိုင်ငံပေါင်း ၁၉၀ ကျော်က ကိုယ်စားလှယ်တွေ တက်ရောက်တဲ့ ညီလာခံမှာ စနေနေ့က အခြေခံ သဘောတူညီချက်တစ်ရပ်ကို အတည်ပြုတာဖြစ်ပါတယ်။

“အကြီးအငယ်၊ အရွယ်အစားမရွေး ကမ္ဘာပေါ်က နိုင်ငံတိုင်း ကိုယ့်တာဝန်ကိုယ် ယူဖို့လိုတယ်။ တာဝန်မယူကြရင် ကမ္ဘာကြီးပူနွေးလာစေမယ့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လုပ်မှုရဲ့ ဖြစ်စဉ်ကို ပြောင်းလဲပစ်နိုင်မှာ မဟုတ်ဘူးလို့ ရာသီဥတုပြောင်းလဲမှုပြဿနာဆိုင်ရာ အမှုဆောင် အတွင်းရေးမှူး Christiana Figueres က ပြောဆိုပါတယ်။

ဒီသဘောတူညီချက်မှာ ရာသီဥတုပြောင်းလဲမှုရဲ့ ဆိုးကျိုး ရလဒ်ဒဏ် ခံစားရမယ့် နိုင်ငံတွေအတွက် ဘဏ္ဏာငွေကြေးထောက်ပံ့မှုဆိုင်ရာ အချက်လည်း ပါဝင်ပါတယ်။ ကုလစေ့စပ် ညှိနှိုင်းသူတွေက ထောက်ပံ့မှု ဆိုတဲ့စကားရပ်အစား တာဝန်ယူပေးအပ်မှုဆိုတဲ့စကားကို အစားထိုး ပြင်ဆင်လိုက်ပြီးတဲ့နောက်မှာမှ ရှေ့ဆက်ဆွေးနွေနိုင်ပြီး ဆွေးနွေးပွဲကိုလည်း အချိန် တစ်ရက်ပိုယူပြီး ကျင်းပခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီစကားလုံးပြင်ဆင်မှုက ကာဗွန်ထုတ်လွှတ်မှုဆိုင်ရာ အဓိကပစ်မှတ် နိုင်ငံတွေ အတွက် တောင်းဆိုဆောင်ရွက်ရာမှာ ပိုပြီး ကျယ်ပြန့်တဲ့ အနေအထားတရပ် ပေးအပ်နိုင်တယ်လို့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေက ပြောဆိုပါတယ်။

ကမ္ဘာကြီးပူနွေးလာမှု လျှော့ချရေး ၂၀၁၅ ခုနှစ် အစီအစဉ်ဟာ ကျောက်မီးသွေးနဲ့ လောင်စာတွေ အသုံးပြုမှုကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုလျှော့ချဖို့ ကမ္ဘာ့နိုင်ငံအားလုံး ပူးပေါင်းဆောင်ရွက်မယ့် ပထမဆုံး အစီအစဉ်လည်း ဖြစ်ပါတယ်။
XS
SM
MD
LG