သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Hillary Clinton ရဲ့ ပထမဆုံး လူထုစည်းဝေးပွဲ


ရုစ်ဗဲလ့်ကျွန်းမှာ ပထမဆုံး လူထုနဲ့တွေ့ဆုံပြီး သမ္မတလောင်းကိုယ်စားလှယ်အဖြစ် စည်းရုံးဟောပြောခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton (ဇွန် ၁၄၊ ၂၀၁၅)
ရုစ်ဗဲလ့်ကျွန်းမှာ ပထမဆုံး လူထုနဲ့တွေ့ဆုံပြီး သမ္မတလောင်းကိုယ်စားလှယ်အဖြစ် စည်းရုံးဟောပြောခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton (ဇွန် ၁၄၊ ၂၀၁၅)

၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲဝင်ဖို့ လုပ်နေတဲ့ ဟီလာရီကလင်တန်ဟာ ပထမဆုံး မဲဆွယ်စည်းရုံးပွဲကြီးတခုကို စနေနေ့ကလုပ်ခဲ့ပါတယ်။ တန်းတူအခွင့်အရေးရဖို့နဲ့ ရုန်းကန်နေရတဲ့ လူလတ်တန်းစားတွေအတွက် လုပ်ဆောင်သွားမယ်လို့ ကတိပေးပြီး သူလုပ်မယ့် အစီအစဉ်တွေအကြောင်း ကိုယ်တိုင် တွေ့ကြုံခံစားရတာတွေနဲ့အတူ ဟာသစွက်တဲ့မိန့်ခွန်းတခုကို ခွန်အားအပြည့်နဲ့ပြောခဲ့ပါတယ်။

အဲဒီမဲဆွယ်စည်းရုံးပွဲကို နယူးယောက်ပြည်နယ်၊ Roosevelt ကျွန်းမှာလုပ်တာဖြစ်ပြီး သူ့မိန့်ခွန်းကို ရုပ်မြင်သံကြားကနေတဆင့် တနိုင်ငံလုံးကို ထုတ်လွှင့်ပါတယ်။ စီးပွားကျဆင်းပြီးတဲ့နောက် အဆင်မပြေဖြစ်ကုန်ကြသူတွေ အပါအဝင် အမေရိကန်နိုင်ငံသားအားလုံးအတွက် သူ ရွေးကောက်ပွဲ ဝင်တာလို့ ထောက်ခံသူ ထောင်ပေါင်းများစွာကို မစ္စစ်ကလင်တန်က ပြောပါတယ်။

ရီပတ်ဘလီကန်ပါတီဘက်မှာ သမ္မတရွေးကောက်ပွဲဝင်မယ့်လူ အများအပြားဖြစ်နေတာဟာ မတူကွဲပြားခြားနားတဲ့ မဲဆန္ဒရှင်တွေနဲ့ အထိအတွေ့ ကင်းမဲ့တာကို ပြနေတယ်ဆိုပြီး ရီပတ်ဘလီကန်ပါတီကို မစ္စစ်ကလင်တန်က အပြင်းအထန် ထိုးနှက်ပါတယ်။

သူ့အဆိုအားဖြင့် မိမိတို့ရဲ့ရွေးကောက်ပွဲတွေကို ပုံပျက်ပန်းပျက်ဖြစ်အောင်လုပ်နေတဲ့ လျှို့ဝှက်ပြီး တာဝန်ခံမှုမရှိတဲ့ငွေတွေ အဆုံးမရှိဝင်နေတာကို အဆုံးသတ်မယ်လို့လည်း သူက ကတိပြုပြောဆိုပါတယ်။

မိဘက စွန့်ပစ်တာကိုခံရပြီးတဲ့နောက် အသက်ငယ်ငယ်မှာ အိမ်အကူအဖြစ်လုပ်ခဲ့ရတဲ့ သူ့မိခင်ရဲ့ နိမ့်ပါးတဲ့နောက်ခံသမိုင်းကို ပြောသွားတာနဲ့အမျှ သူတို့ရဲ့ပြဿနာတွေကို နားလည်ပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဟောင်း၊ သမ္မတကတော်ဟောင်း မစ္စစ်ကလင်တန်က မဲဆန္ဒရှင်တွေကို ပြောသွားပါတယ်။

XS
SM
MD
LG