သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင် တရုတ်ပင်လယ် အရေး ကလင်တန် တရုတ်နဲ့ဆွေးနွေး


နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်နှင့် တရုတ်ဝန်ကြီးချုပ် ဝန်ကျားဘောင်။
နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်နှင့် တရုတ်ဝန်ကြီးချုပ် ဝန်ကျားဘောင်။
တရုတ်နိုင်ငံအနေနဲ့ တောင်တရုတ်ပင်လယ်တွင်း ပိုင်နက်နယ်မြေအငြင်းပွားမှုကို ကျင့်ဝတ်စည်းမျဉ်းတွေနဲ့အညီ ကိုင် တွယ်ရေး သဘောတူပါရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က ထပ်လောင်း တောင်းဆိုလိုက်ပါတယ်။

တရုတ်နဲ့ အာစီယံအသင်းဝင်နိုင်ငံတွေအနေနဲ့ ကျင့်ဝတ်စည်းမျဉ်းတွေကို သဘောတူညီရေးဟာ လူတိုင်းရဲ့ အကျိုးစီးပွား ဖြစ်ပါတယ်လို့ ဘေဂျင်းမြို့မှာ ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့သတင်းစာရှင်လင်းပွဲမှာ ဝန်ကြီးကလင်တန်ကပြောဆိုလိုက်တာပါ။ အမေရိကန်က တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကို ထိန်းညှိဖို့ကြိုးစားနေတယ်ဆိုတဲ့ စွပ်စွဲချက်ကိုတော့ ဝန်ကြီးကလင်တန်က လက်မခံဘဲ အမေရိကန်အနေနဲ့ တရုတ်နဲ့မလိုလားအပ်တဲ့ ယှဉ်ပြိုင်မှုတွေလုပ်ဖို့ ဆန္ဒမရှိကြောင်းပြောဆို လိုက်ပါတယ်။

အဲဒီဒေသတွင်း ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေး၊ နိုင်ငံတကာဥပဒေတွေကိုလေးစားရေး၊ လွတ်လပ်စွာ ရေကြောင်းသွားလာ ခွင့်နဲ့ တရားဝင်ကူးသန်းရောင်းဝယ်ရေး စတာတွေကို ထိန်းသိမ်းဖို့ကသာ အမေရိကန်ရဲ့ အကျိုးစီးပွားဖြစ်တယ်လို့ ဆိုပါ တယ်။

အိမ်ရှင်တရုတ်နိုင်ငံခြားရေးဝန်ကြီး ယန်ကျဲချိ ကလည်း တရုတ်နိုင်ငံက ဒီအငြင်းပွားမှုကို တိုက်ရိုက်စေ့စပ်ညှိနှိုင်းပြီး ရင်းနှီးခင်မင်စွာနဲ့ တိုင်ပင်ဖြေရှင်းဖို့ စိတ်ပိုင်းဖြတ်ထားဆဲဖြစ်တယ်လို့ပြောပါတယ်။ ဝန်ကြီးကလင်တန်ဟာ အာရှ-ပစိဖိတ် ဒေသ ၆ နိုင်ငံ ခရီးစဉ်မှာ တောင်တရုတ် ပင်လယ် ပိုင်နက်အငြင်းပွားမှုကို အဓိကအာရုံစိုက်ဆွေးနွေးနေတာဖြစ်ပေမဲ့ ဆီးရီးယား၊ အီရန်၊ မြောက် ကိုရီးယားနဲ့ ကမ္ဘာ့စီးပွားရေးကိုလည်း အလျဉ်းသင့်သလို ဆွေးနွေးနေတာဖြစ်ပါတယ်။
XS
SM
MD
LG