သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူဒန်နှစ်နိုင်ငံပြဿနာ ညှိနှိုင်းဖို့ အမေရိကန်တိုက်တွန်း


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နဲ့ တောင်ဆူဒန်သမ္မတ Salva Kiir (သြဂုတ်လ ၃ ရက်၊ ၂၀၁၂။)
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နဲ့ တောင်ဆူဒန်သမ္မတ Salva Kiir (သြဂုတ်လ ၃ ရက်၊ ၂၀၁၂။)
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဆူဒန်နဲ့ တောင်ဆူဒန်တို့ အကြား စစ်မက် ဖြစ်ပွားစေလောက်တဲ့အထိ ရောက်သွားနိုင်တဲ့ သဘောထား ကွဲလွဲနေမှုကို ဆွေးနွေး အဖြေရှာကြဖို့ တိုက်တွန်းလိုက်ပါတယ်။

တောင်ဆူဒန်မြို့တော် ဂျူဘာကို ခေတ္တ အလည်အပတ်သွားရောက်နေတဲ့ ဝန်ကြီး ကလင်တန် က သောကြာနေ့မှာ သတင်းထောက်တွေကို အခုလိုပြောဆိုခဲ့တာပါ။ ဝန်ကြီးကလင်တန် ဟာ တောင်ဆူဒန်သမ္မတ ဆာလ်ဘာ ကီးယားနဲ့လည်း ဂျူဘာမြို့မှာ တွေ့ဆုံခဲ့ပါတယ်။

ဆူဒန်နိုင်ငံနဲ့ တောင်ဆူဒန်တို့ဟာ နှစ်နိုင်ငံအကြား ကျန်ရှိနေသေးတဲ့ သဘောထား ကွဲလွဲမှုကိစ္စတွေ အထူးသဖြင့် ရေနံသယံဇာတ ခွဲေ၀ ပိုင်ဆိုင်မှုကိစ္စ သဘောတူညီမှုတွေကို ဆွေးနွေးညှိနှိုင်း အဖြေ ရှာဖို့ လိုအပ်နေတယ်လို့ ဝန်ကြီးကလင်တန်က ထောက်ပြခဲ့ပါတယ်။

တောင်ဆူဒန်က ရေနံထုတ်လုပ်မှုကို ဇန်နဝါရီလအတွင်းမှာ ရပ်ပစ်ခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မြောက်ပိုင်းက ရေနံပိုက်လိုင်းတွေကို အသုံးပြုပြီး တင်ပို့နေမှုအပေါ် တောင်းခံတဲ့ ငွေကြေး ကိစ္စနဲ့ပတ်သက်ပြီးတော့ မကျေနပ်လို့ ဖြစ်ပါတယ်။ ဆူဒန်နဲ့ တောင်ဆူဒန်နိုင်ငံတို့ဟာ နှစ်နိုင်ငံ ကွဲနေကြပြီဆိုပေမယ့် နှစ်နိုင်ငံစလုံးရဲ့ အနာဂတ် ကံကြမ္မာဟာ ဆက်စပ်မှု ရှိနေဆဲဖြစ်တယ်လို့ ဝန်ကြီးကလင်တန်က ပြောဆိုခဲ့ပါတယ်။

ဆူဒန်နဲ့ တောင်ဆူဒန်တို့ဟာ နှစ်နိုင်ငံအကြား သဘောထား ကွဲလွဲနေမှုတွေကို သြဂုတ်လ ၂ ရက်နေ့ နောက်ဆုံးထားပြီး အပြီးသတ် ညှှိနှိုင်း အဖြေရှာဖို့ ကုလသမဂ္ဂက ချမှတ်ပေးထားခဲ့ပေမဲ့ တကယ်တမ်း ဖြစ်မလာခဲ့ပါဘူး။
XS
SM
MD
LG