သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝန်ကြီးကလင်တန် ဘေဂျင်းရောက်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ အာရှဒေသခရီးစဉ် တတိယခရီး တထောက်အဖြစ် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာရောက်နေပါပြီ။ တောင်တရုတ်ပင်လယ်မှာ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားနေတာကို ဖြေရှင်းဖို့အတွက် နည်းစနစ်တခုအပေါ်မှာ တရုတ်နဲ့ သူ့ရဲ့အိမ်နီးချင်းနိုင်ငံတွေအကြား သဘောတူညီချက်ရရေး တိုက်တွန်းဖို့ တစိတ်တပိုင်းအားဖြင့် ရည်ရွယ်ထားတဲ့ခရီးစဉ်ဖြစ်ပါတယ်။

နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားနေတာကို ဖြေရှင်းဖို့အတွက် ကျင့်ဝတ်စည်းမျဉ်းစည်းကမ်း တခုအပေါ် သဘောတူညီချက် ရရေး တရုတ်နိုင်ငံအနေနဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN နဲ့ အတူလက်တွဲလုပ်ဆောင်ဖို့ ဝန်ကြီးကလင်တန်က လိုလား နေတာပါ။ သဘာ၀ သယံဇာတ အရင်းအမြစ်ပေါကြွယ်ဝတဲ့ အဲဒီဒေသမှာ တင်းမာမှုတွေ ဆက်ဖြစ်လာမှာကို တားဆီးဖို့ မျှော်လင့် ချက်နဲ့ လုပ်ဆောင်စေချင်တာဖြစ်ပါတယ်။

ပင်လယ်ပြင်တခုလုံးနီးပါးကို ပိုင်ဆိုင်တယ်လို့ ပြောထားတဲ့ တရုတ်နိုင်ငံက ကျင့်ဝတ် စည်းမျဉ်း ဆိုင်ရာ အဲဒီလို သဘောတူညီချက်မျိုးကို လက်မှတ်ရေးထိုးဖို့ ငြင်းဆန်ထားပါတယ်။

အဲဒီလိုလက်မှတ်ရေးထိုးတဲ့အစား နယ်မြေပိုင်ဆိုင်တယ်လို့ ကြေညာထားကြတဲ့ တိုင်ဝမ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်း တနိုင်ငံချင်းစီနဲ့ သဘောတူညီ ချက် ရယူဖို့ တရုတ်က ပို လိုလားပါတယ်။

ဒီအငြင်းပွားမှုနဲ့ပတ်သက်ပြီး လုပ်ဆောင်တဲ့နေရာမှာ အရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့ တညီတညွတ်တည်း ရပ်တည် လုပ်ဆောင်ကြရမယ်လို့ အင်ဒိုနီးရှားနိုင်ငံကနေ တရုတ်နိုင်ငံဆီ မထွက်ခွာခင် အင်္ဂါနေ့မှာ ဝန်ကြီးကလင်တန်က ပြောခဲ့ပါတယ်။
XS
SM
MD
LG