သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောရိုင်းတိရစ္ဆာန် ကာကွယ်ရေး စီမံချက် အဆုံးသတ်


သဘာ၀ တောရိုင်း တိရစ္ဆာန်တွေအပေါ် ရာဇဝတ်မှု ကျူးလွန်တဲ့ အဖွဲ့အစည်းတွေကို စနစ်တကျ တိုက်ဖျက်ဖို့ ရည်ရွယ် ဖွဲ့စည်းထား တဲ့ နိုင်ငံတကာ တပ်ဖွဲ့က သူတို့ရဲ့ စစ်ဆင်ရေး အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားပြီလို့ ကြေငြာလိုက်ပါတယ်။

ဒီအဖွဲ့ထဲမှာ အာရှ၊ အာဖရိကနဲ့ အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ ရဲတွေ၊ အကောက်ခွန် အရာရှိတွေ နဲ့ သဘာ၀ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်း စောင့်ရှောက်ရေး အရာရှိတွေ ပါဝင်ပါတယ်။

ဇန်နဝါရီလ ၆ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၅ ရက်အတွင်း လှုပ်ရှားခဲ့တဲ့ "Cobra" လို့ နာမည်ပေး ထားတဲ့ မြွေဟောက် စစ်ဆင်ရေးဟာ အောင်မြင် မှု ရှိကြောင်း တနင်္လာနေ့မှာ သတင်းထုတ်ပြန်လိုက် တာပါ။

ဒီစစ်ဆင်ရေးဟာ သဘာ၀ တောရိုင်းတိရစ္ဆာန်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ပပျောက်စေဖို့၊ စုံစမ်း စစ်ဆေးထားတဲ့ သတင်း အချက်အလက်တွေကို မျှဝေဖို့နဲ့ လုံခြုံရေး တာဝန်တွေကို ပူးတွဲ ထမ်းဆောင်ဖို့ နိုင်ငံတကာမှာ ပထမဆုံးအကြိမ်အဖြစ် ပူးပေါင်း ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ဒီမြွေဟောက် စစ်ဆင်ရေးကနေ ရာဇဝတ်မှုကျူးလွန်သူ ရာနဲ့ချီပြီး ဖမ်းဆီးနိုင်ခဲ့သလို၊ တောရိုင်း တိရစ္ဆာန်တွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ၊ မျိုးတုံးတော့မယ့် ရှားပါး တိရစ္ဆာန် ခိုးထုတ်မှုတွေနဲ့ ခိုးထုတ်သူတွေ ကိုင်ဆောင်တဲ့ လက်နက် ခဲယမ်း မီးကျောက် အများအပြားကိုလည်း ဖမ်းဆီးနိုင်ခဲ့ပါတယ်။
XS
SM
MD
LG