သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COPA America ဖလား ချီလီ ဗိုလ်စွဲ


ချီလီဂိုးသမား Claudio Bravo က ဆုရ Copa America ဖလားကို ကိုင်မြှောက်ပြသအောင်ပွဲခံစဉ်။ (ဇူလိုင် ၄၊ ၂၀၁၅)
ချီလီဂိုးသမား Claudio Bravo က ဆုရ Copa America ဖလားကို ကိုင်မြှောက်ပြသအောင်ပွဲခံစဉ်။ (ဇူလိုင် ၄၊ ၂၀၁၅)

၂၀၁၅ ကိုပါ အမေရိကန်ဖလားကိုတော့ အိမ်ရှင် ချီလီအသင်းက အာဂျင်တီးနားကို ဖိုင်နယ်မှာအနိုင်ရပြီး ပထမဆုံးအကြိမ် ဗိုလ်စွဲသွားပါတယ်။ ချီလီနိုင်ငံမြို့တော် ဆန်တီယာဂိုမှာ ဒေသစံတော်ချိန် စနေနေ့ညနေက ကစားကြတာမှာ ၂ သင်းစလုံး အကြိတ်အနယ် ရေကုန်ရေခမ်းကစားခဲ့ပြီး ပွဲကလည်း အတော်လေးကို အကြိတ်အနယ်ရှိခဲ့သလို ဂိုးသွင်းခွင့်တွေလည်း ရခဲ့ပါတယ်။ ဒါပေမဲ့ မိနစ် ၉၀ မှာရော အချိန်ပိုမှာပါ ဘယ်သူမှ ဂိုးဝင်အောင် မသွင်းနိုင်တဲ့အတွက် ပယ်နယ်တီ ၅ လုံးစီ ကန်ကြတာမှာ ချီလီက ၄ ဂိုး ၁ ဂိုး နဲ့ အနိုင်ရပြီး ကိုပါဖလားကို ပထမဆုံးအကြိမ် ဗိုလ်စွဲသွားခဲ့တာပါ။ ဒါဟာ ချီလီအတွက်တော့ နိုင်ငံတကာပြိုင်ပွဲကို ပထမဆုံးအကြိမ် ဗိုလ်စွဲတာလည်း ဖြစ်ပါတယ်။

အာဂျင်တီးနာအတွက် ပထမ ပယ်နယ်တီကို မက်ဆီက ဝင်အောင်သွင်းနိုင်ခဲ့ပေမယ့် ဟီဂွါရင်းနဲ့ ဘီနီဂီယာတို့ မဝင်ခဲ့တဲ့အတွက် နောက်ဆုံးမှာ ချီလီက ၄ ဂိုး ၁ ဂိုး နဲ့ နိုင်သွားတာပါ။ ထပ်လွဲသွားခဲ့ပါတယ်။ ပြိုင်ပွဲရဲ့အကောင်းဆုံး ဂိုးသမားဆုကိုတော့ ချီလီဂိုးသမား Bravo က ရသွားခဲ့ပါတယ်။

အကောင်းဆုံးဂိုးသမားဆုရသွားတဲ့ Claudio Bravo
အကောင်းဆုံးဂိုးသမားဆုရသွားတဲ့ Claudio Bravo

ကိုပါ အမေရိကဖလားကို ဘရာဇီးက ကမ္ဘာကျော်ဘောလုံးသမား ပီလီ နဲ့ အာဂျင်တီးနားက မာရာဒိုနာလည်း တခါမှ မရဖူးဘဲ မက်ဆီအနေနဲ့ ဒီဖလားရဖို့ဆိုရင်တော့ နောက် ၄ နှစ် တခါ စောင့်ရအုံးမှာဖြစ်ပါတယ်ခင်ဗျာ။

XS
SM
MD
LG