သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုင်းရပ်စ်ပိုးသစ်ကြောင့် နောက်ထပ် ၃ ဦးသေဆုံး


အနုကြည့်မှန်ပြောင်းကနေ မြင်ရတဲ့ SARS ရောဂါပိုးနဲ့တူတဲ့ ဗိုင်းရပ်စ်ပိုးသစ် coronavirus ။
အနုကြည့်မှန်ပြောင်းကနေ မြင်ရတဲ့ SARS ရောဂါပိုးနဲ့တူတဲ့ ဗိုင်းရပ်စ်ပိုးသစ် coronavirus ။
SARS ရောဂါပိုးနဲ့တူတဲ့ ဗိုင်းရပ်စ်ပိုးသစ်တစ်ခုကြောင့် ဆော်ဒီအာရေဗျ (Saudi Arabia) နိုင်ငံမှာ နောက်ထပ် လူသုံးဦး သေဆုံးခဲ့ရပြီးဖြစ်သလို၊ အခုဆိုရင် ဒီဗိုင်းရပ်စ်ပိုးကြောင့် ကမ္ဘာတဝှမ်းသေဆုံးသူ အယောက် ၃၀ ရှိပြီလို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO က ပြောပါတယ်။ ဒီရောဂါပိုးကြောင်း သုံးဦးသေဆုံးတဲ့ အကြောင်းကို ဆော်ဒီအာရေဗျ အစိုးရအရာရှိတွေက အတည်ပြုခဲ့တာဖြစ်တယ်လို့ WHO ပြောခွင့်ရက ဆိုပါတယ်။

ဆော်ဒီအာရေဗျမှာပဲ ဒီရောဂါပိုးကူးစက်ခံရတဲ့ နောက်ထပ်ဖြစ်ရပ်တခု လည်း တွေ့ရှိထားတဲ့အကြောင်းနဲ့၊ ဒါနဲ့ပါဆိုရင် ကမ္ဘာတဝှမ်းမှာ ဒီရောဂါကြောင့် သေဆုံးမှုတွေနဲ့ ရောဂါကူးစက်မှု ဖြစ်ရပ်ပေါင်း ၅၀ ရှိပြီလို့လည်း သူက ပြောပါတယ်။ အခုနောက်ထပ်ဖြစ်တဲ့ ကူးစက်မှုဟာ အရှေ့ပိုင်းခရိုင် Al-Ahsa မှာ ဖြစ်ပွားခဲ့တာပါ။

SARS ရောဂါပိုးနဲ့တူတဲ့ ဒီ ဗိုင်းရပ်စ်ပိုးသစ်ကို ပြီးခဲ့တဲ့နှစ်က ရှာဖွေတွေ့ရှိ ခဲ့တာပါ။ ကူးစက်မှုတွေရဲ့ သုံးပုံနှစ်ပုံဟာ ဆော်ဒီအာရေဗျနိုင်ငံ ထဲမှာဖြစ်ပါတယ်။ ဂျော်ဒန်၊ ကာတာ နဲ့ တူနီးရှားနိုင်ငံတွေအပါအဝင် တခြား အရှေ့အလယ်ပိုင်းဒေသတွေနဲ့ ဥရောပမှာလည်း ဒီရောဂါပိုးသစ် ကူးစက်ပျံ့ပွားမှုတွေ တွေ့ရှိခဲ့ရပါတယ်။

ဒီသီတင်းပတ်အစောပိုင်းကတော့ အသက် ၆၅ နှစ်အရွယ် အမျိုးသား တစ်ဦး ပြင်သစ်နိုင်ငံမှာ သေဆုံးခဲ့ရသလို၊ ဒါဟာ ပြင်သစ်မှာ ဒီရောဂါပိုးကြောင့် ပထမဆုံးသေဆုံးမှုလည်း ဖြစ်ပါတယ်။ ချောင်းဆိုးပြီး ဖျားနာတာနဲ့ နမိုးနီးယား အဆုတ်ရောင် ရောဂါတွေ ဖြစ်စေတဲ့ ဒီရောဂါပိုးသစ်ဟာ နီးနီးကပ်ကပ်နေတဲ့ လူအချင်းချင်းကြား ကူးစက်နိုင်တဲ့ရောဂါပိုးဖြစ်ပါတယ်။
XS
SM
MD
LG