သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအပစ်ရပ်သဘောတူညီမှု အခြေမခိုင်


နေရပ်ရင်းပြန်ဖို့ တန်းစီစောင့်ဆိုင်းနေကြတဲ့ ယူကရိန်း ဒုက္ခသည်များ။
နေရပ်ရင်းပြန်ဖို့ တန်းစီစောင့်ဆိုင်းနေကြတဲ့ ယူကရိန်း ဒုက္ခသည်များ။

ယူကရိန်းအစိုးရနဲ့ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသူပုန်တွေကြားမှာ တင်းမာမှုတွေတိုးလာနေပြီး အပစ်ရပ်ဖို့ အမေရိကန်အစိုးရ တောင်းဆိုနေတဲ့ တချိန်တည်းမှာပဲ ယူကရိန်းနိုင်ငံအရှေ့ပိုင်း Donetsk မြို့မှာ အမြောက်နဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၆ ယောက်သေဆုံးပြီး ၁၅ ယောက် ဒဏ်ရာရသွားခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

Donetsk မြို့လေဆိပ်နားမှာ အမြောက်သံတွေနဲ့ သေနတ်သံတွေကို ကြားနေရတယ်လို့ ပြောပါတယ်။ OSCE ဥရောပလုံခြုံရေးနဲ့ ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့က အပစ်ရပ်စဲရေးကို စောင့်ကြည့်နေ့သူတွေဟာ ဒေါညက်စ်မြို့ဈေးမှာ စုံစမ်းစစ်ဆေးတာတွေလုပ်နေစဉ် သူတို့နဲ့ မီတာ ၂၀၀ လောက်မှာ ဗုံးဆံတွေ ကျခဲ့တာဖြစ်တယ်လို့ က ပြောပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီးတော့ ယူကရိန်းအစိုးရနဲ့ ခွဲထွက်ရေးသမားတွေဟာ တစ်ဘက်နဲ့တဘက် အပြန်အလှန်စွပ်စွဲပြောဆိုလိုက်ပါတယ်။ ယူကရိန်း အရှေ့ပိုင်းမှာ ဆက်ပြီးတော့ တဘက်နဲ့တဘက် အပစ်အခတ်ရပ်စဲထားပေမယ့်လည်း တင်းမာမှုတွေက တိုးလာနေတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Marie Harf တနင်္လာနေ့မှာပြောကြားလိုက်ပါတယ်။

အခုလို အမြောက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အပေါ်မှာ သူမက ပြစ်တင်ရှုတ်ချလိုက်ပြီး ၂ ဘက်စလုံးကို တိုက်ပွဲတွေ ပြန်ဖြစ်လုနီးနီးအခြေအနေကနေ အခြေအနေကို ပြန်ထိန်းကြဖို့ တောင်းဆိုလိုက်ပါတယ်။ ရုရှားသမ္မတ ဗလာဒီမီယာပူတင်နဲ့ ဂျာမနီဝန်ကြီးချုပ် အန်ဂလာမာကယ်လ်တို့ကတော့ ၂ ဘက်စလုံးအနေနဲ့ အပစ်ရပ်စဲရေးမူကို ဆက်လက်ကိုင်စွဲသွားဖို့ လိုတယ်ဆိုတာကို တနင်္လာနေ့က တယ်လီဖုန်းနဲ့ ပြောကြားခဲ့ကြောင်း ရုရှားဘက်က ပြောပါတယ်။

XS
SM
MD
LG