သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းထောက်သေဆုံးနှုန်း ၂၀၁၅ မှာ အများဆုံး


CPJ အဖွဲ့ရဲ့ ၂၀၁၅ ထုတ်ပြန်တဲ့ အစီအရင်ခံစာ
CPJ အဖွဲ့ရဲ့ ၂၀၁၅ ထုတ်ပြန်တဲ့ အစီအရင်ခံစာ

၂၀၁၅ ခုနှစ်အတွင်းမှာ အသတ်ခံရတဲ့ သတင်းထောက် ၆၉ ဦး ရှိခဲ့တယ်လို့ သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ CPJ အဖွဲ့ရဲ့ ထုတ်ပြန်တဲ့ အစီအရင်ခံစာမှာဖော်ပြထားပါတယ်။

သတ်ဖြတ်ခံရတဲ့ သတင်းထောက် ၄၀ ခိုင်နှုန်းဟာ အစ္စလာမစ် စစ်သွေးကြွ အဖွဲ့တွေဖြစ်တဲ့ Al-Qaeda နဲ့ အိုင်အက်စ် အဖွဲ့တွေရဲ့လက်ချက်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီနှစ်အတွင်းမှာပဲ အစ္စလာမစ် စစ်သွေးကြွအဖွဲ့တွေဖြစ်တဲ့ Al-Qaeda နဲ့ အိုင်အက်စ် အဖွဲ့တွေရဲ့ လက်ချက်ကြောင့် ကမ္ဘာတဝှမ်းက သတင်းထောက် အယောက်ပေါင်း ၂၈ ဦး သေဆုံးခဲ့ရကြောင်း၊ သတ်ဖြတ်ခံခဲ့ရတဲ့ သတင်းထောက် ၄၀ ရာခိုင်နှုန်းဟာ သတင်းထောက် တာဝန်ထမ်းဆောင်ချိန်မှာ သတ်ဖြတ်ခံခဲ့ရတာဖြစ်တယ်လို့ သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ CPJ အဖွဲ့က ဆိုပါတယ်။

ကျန် သတ်ဖြတ်ခံရတဲ့ သတင်းထောက် ၂၆ ဦးဟာ သူတို့ရဲ့ အလုပ်နဲ့ ဆက်စပ်မှုရှိမရှိဆိုတာကတော့ CPJ က စုံစမ်း စစ်ဆေးနေဆဲဖြစ်ပါတယ်။

အသတ်ခံရတဲ့ သတင်းထောက်တွေထဲက ၉ ဦးဟာ ပြင်သစ်နိုင်ငံမှာ အသတ်ခံခဲ့ရတာဖြစ်ပါတယ်။၂၀၁၅ ခုနှစ်အတွင်းမှာ ဆီးရီးယား နိုင်ငံဟာ သတင်းထောက်တွေအတွက် အန္တရာယ် အရှိဆုံး နိုင်ငံဖြစ်ပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်ကနဲ့ ယှဉ်ရင် အီရတ်၊ ဘရာဇီးလ်၊ ဘင်္ဂလားဒေ့ရှ်၊ တောင်ဆူဒန်နဲ့ ရေမန်နိုင်ငံတွေမှာ သတင်းထောက်တွေပိုမို သတ်ဖြတ်ခံခဲ့ရပြီး တနိုင်ငံမှာ သတင်းထောက် အနည်းဆုံး ၅ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။

၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၂၃ ရက်နေ့အထိ သတ်ဖြတ်ခံရတဲ့ သတင်းထောက် ဦးရေဟာ ပြီးခဲ့တဲ့၂၀၁၄ ခုနှစ်တုန်းကထက် များတယ်လို့ CPJ ကပြောပါတယ်။ ၂၀၁၄ ခုနှစ်အတွင်း သတ်ဖြတ်ခံခဲ့ရတဲ့ သတင်းထောက် ဦးရေ ၆၁ ဦးရှိခဲ့ပါတယ်။

XS
SM
MD
LG