သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်မှာသတင်းထောက်သေဆုံးမှု အများဆုံးဟု CPJ မှတ်တမ်းတင်


အရေးယူဖြေရှင်းမှုတွေမရှိဘဲ သတင်းထောက်တွေ သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သက်လာရင် အီရတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ဒီလိုဖြစ်ရပ် အများဆုံးရှိတဲ့နိုင်ငံအဖြစ် ဆက်ရှိနေတယ်လို့ သတင်းလွတ်လပ်ခွင့်ဆိုင်ရာ အဖွဲ့တခုက ပြောပါတယ်။

နယူးယောက်အခြေစိုက် သတင်းထောက်များ ကာကွယ်ရေးကော်မတီ CPJ အဖွဲ့က အင်္ဂါနေ့က ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာထဲမှာ အီရတ်နိုင်ငံဟာ ၇ နှစ်ဆက်တိုက် အခုလို စာရင်းထိပ်ဆုံးမှာရှိနေပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်တွင်း အပြစ်ပေး အရေးုယူခြင်းမရှိဘဲ သတင်းထောက်တွေ သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်ပေါင်း ၁၀၀ လောက် ရှိခဲ့တဲ့အကြောင်း ဖော်ပြထားပါတယ်။

ဒီလိုဖြစ်ရပ် ဒုတိယအများဆုံးရှိတဲ့ ဆိုမားလီးယား နိုင်ငံမှာတော့ ပြီးခဲ့တဲ့နှစ်က သတင်းထောက် ၄ ဦး အသတ်ခံရတဲ့အကြောင်းနဲ့၊ သတင်းထောက်တွေဟာ ခြောက်ခြားစရာကောင်းလောက်အောင် ပစ်မှတ်ထားခံနေရတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။ သတ်ဖြတ်မှုပေါင်း ၂၇ ခုကို လူ ၁ ယောက်တည်းက ကျူးလွန်ခဲ့တာ ရှိတဲ့အကြောင်းလည်း ဖော်ပြပါတယ်။

၂၀၀၄ ခုနှစ်ကစလို့ အနည်းဆုံး သတင်းထောက် ၅ ယောက် သတ်ဖြတ်ခံရပြီး အရေးယူ အပြစ်ပေးခြင်းမရှိတဲ့ နိုင်ငံပေါင်း ၁၃ နိုင်ငံကို ဒီအစီရင်ခံစာထဲမှာ စာရင်းပြုစုထားပါတယ်။

ဆီးရီးယားကတော့ ဒီနှစ် ပထမဆုံးအကြိမ် သတင်းထောက် ၇ ယောက် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်တာ ခံရပြီး ဒီအတွက် အပြစ်ပေး အရေးယူခြင်းမရှိတဲ့ နိုင်ငံအဖြစ် ဖော်ပြထားပါတယ်။ ဖေဖော်ဝါရီလက ထုတ်ပြန်တဲ့ CPJ ရဲ့ သီးခြား အစီရင်ခံစာထဲမှာလည်း ဆီးရီးယားနိုင်ငံဟာ ကမ္ဘာပေါ်မှာ သတင်းထောက်တွေအတွက် အန္တရာယ်အများဆုံး နိုင်ငံတခုအဖြစ် ဖော်ပြထားပါတယ်။
XS
SM
MD
LG