သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားသင်္ဘောပါ လက်နက်များ ကျူးဘားက သယ်လာခြင်းဖြစ်


ပနားမားတူးမြောင်းအနီးမှာ ဖမ်းဆီးရမိတဲ့ မြောက်ကိုရီးယား သင်္ဘောပေါ်မှာ သယ်ဆောင်လာတဲ့ လက်နက်တွေဟာ ကျူးဘားနိုင်ငံက တင်ပို့လိုက်တဲ့ လက်နက်တွေဖြစ်ကြောင်း ကျူးဘားအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက အသိအမှတ်ပြု ပြောဆိုလိုက်ပါတယ်။

အဲ့ဒီ လက်နက်တွေထဲမှာ တတ်ဆင်ထားခြင်းမရှိတဲ့ ရော့ကက် ဒုံးပျံတွေ၊ လေယာဉ်ပစ် ဒုံးကျည် ပစ်လွှတ်စင်တွေနဲ့ တခြားစစ်လက်နက်ပစ္စည်း စတဲ့ အသုံးမဝင်တော့တဲ့ လက်နက်တွေပါဝင်ပြီး ပြင်ဆင်ဖို့ အတွက် မြောက်ကိုရီးယား နိုင်ငံကို တင်ပို့လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီသင်္ဘောပေါ်မှာ မူးယစ်ဆေးဝါးတွေ တင်ဆောင်လာတယ်ဆိုတဲ့ သံသယနဲ့ ပနားမား အာဏာပိုင်တွေက ရပ်တန့် စစ်ဆေးခဲ့တာပါ။ ဒါပေမဲ့ မထင်မှတ်ပဲ အညိုရောင် သကြားတွေရဲ့အောက်မှာ ဖွက်ပြီးတော့ တင်ဆောင်လာတဲ့ သူတို့အပြောအရ ခေတ်မှီ မစ်ဇိုင်းဒုံးလက်နက် အစိတ်အပိုင်းတွေကို တနင်္လာနေ့မှာ တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

သင်္ဘောမာလိန်မှုးဟာ သူ့ကိုယ်သူ သတ်သေဖို့ ကြိုးစားခဲ့ပြီး၊ ပနားမားတာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆန်တဲ့ သင်္ဘောသား ၃၅ ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ပနားမား တာဝန်ရှိသူတွေက ပြောပါတယ်။ လက်နက်တွေကို စစ်ဆေးဖို့အတွက် ရက်အတန်ကြာ လိမ့်မယ်လို့ ဆိုပါတယ်။

ဒီလက်နက်ပစ္စည်းတွေဟာ တာဝေးပစ်ဒုံးလက်နက်နဲ့ နျူကလီးယား နည်းပညာတွေ မြောက်ကိုရီးယားကို ရောင်းဝယ်ခြင်း မပြုရဆိုတဲ့ ပိတ်ဆို့အရေးထားမှုကို ချိုးဖောက်ခြင်း ရှိ မရှိ စုံစမ်း စစ်ဆေးဖို့အတွက် ကုလသမဂ္ဂလက်ထဲ လွဲပြောင်းကောင်း လွဲပြောင်းပေးနိုင်ပါတယ်။

အခုလို ပနားမား နိုင်ငံရဲ့ အရေးယူ ဆောင်ရွက်ချက်အပေါ် အမေရိကန် ပြည်ထောင်စုက အပြည့်အ၀ ထောက်ခံ လိုက်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ အကူညီတောင်းလာမယ်ဆိုရင် အသင့်ရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာနက ပြောဆိုလိုက်ပါတယ်။
XS
SM
MD
LG